အပိုင်း(၂၅)

43 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

အချိန်မှာညဘက်သို့ကူးပြောင်းစပြုလာပြီဖြစ်သည်။

၆နာရီဆိုသောအချိန်သည် မှောင်ရီပျိုးစအချိန်ဖြစ်ပြီး မိုးကောင်းကင်ပြင်ထက်မှနေမင်းကြီးသည်တစ်ဖြည်းဖြည်းကွယ်ပျောက်သွားရပြီး လုံးဝန်းစက်သောလမင်းကြီးမှအစားထိုးဝင်ရောက်လာသည်။ပတ်ဝန်းကျင်အသွင်အပြင်မှာ ညီအကိုမသိတသိအချိန်ထက်ကျော်လွန်လာပြီး ညအပြင်ထက်တွင်မှောင်မိုက်ခြင်းများ ကြီးစိုးလာသည်။

ညငှက်လေးများ၏တွန်ကျူးသံနှင့်အကောင်စုံလေးများထံမှကြားရသောအသံမျိုးစုံသည် ညအချိန်အား ပိုကာလေးနက်စေသည်။

ညအချိန်မတော်နိုးလာသည်မှာ တဖန်ပြန်လည်အိပ်စက်ရန်ခက်ခဲစေသည်။ အိပ်ချိန်မဟုတ်၊ နိုးထချိန်မဟုတ်သည့်အချိန်တွင် သတိဝင်လာသည်မို့ပတ်ဝန်းကျင်အားအကဲခတ်ကြည့်ရာ အလွန်မှောင်မိုက်နေလေပြီ။

အနားတွင်မည်သူမှရှိမနေပါပဲဗလာနတ္ထိ။

အိပ်ယာထက်တွင်လှဲလျောင်းနေရာမှထလာကာ ကြမ်းပြင်ထက်အသင့်ရှိနေသည့်ဖိနပ်အပါးလေးအားစီးပြီး တစ်လှမ်းချင်းလှမ်းကာ အခန်းပြင်သို့ထွက်လာလေသည်။သို့သော်မည်သူ့ကိုမှမတွေ့ရသဖြင့် အခြေအနေအားနားမလည်နိုင်ဖြစ်သွားရသူမှာ ဖြူသခင်ဖြစ်သည်။

သူသည် အစောပိုင်းအချိန်က သွီရင်ခွင်ထက်တွင်အိပ်မောကျသွားပါသော်လည်း အခုအချိန်တွင်မူအနားတွင်မည်သူမျှရှိမနေသည်က အထူးဆန်းဖြစ်စေသည်။ပုံမှန်ဆိုလျှင်အခန်းပြင်ထွက်လာသည်နှင့် တစ်ယောက်ယောက်အားအနည်းဆုံးတွေ့ရတက်သည်။

မထူးတော့သည့်အဆုံး၌သူသည် အခန်းထဲသို့သာပြန်ဝင်လာကာ အိပ်ယာထက်သို့ထိုင်ချလိုက်သည်။

ထူးဆန်းသည်။အဘယ့်ကြောင့်တစ်ခုခုမှမူမမှန်ဖြစ်နေသည်ဟု ခံစားနေရသနည်း။

""နိုးလာပြီးလား""

အခန်းထဲသို့ဝင်လာသူမှာသွီဖြစ်သည်။ ဖြူသခင်သည်သွီအားကြောင်အမ်းစွာဖြင့်ကြည့်နေသည်။ဤသည်ကိုသတိထားမိသည့်သွီမှ

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now