အပိုင်း(၁၂)

54 5 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

လာဗင်ဒါပန်းများပြည့်နက်နေသည့်ခရမ်းရောင်ပွင့်ဖက်များနှင့်ဖုံးလွှမ်းနေသည့်ပန်းခင်းထက်၌အဖြူရောင်ရှပ်အင်္ကျီအပွအားဂျင်းဘောင်းဘီအဖြူရောင်ဖြင့်သာဝတ်ဆင်ထားသည့်ကောင်လေးတစ်ယောက်သည်သူ၏လက်ထဲတွင်လာဗင်ဒါပန်းပွင့်အားဆုပ်ကိုင်ထား၍လမ်းကြောတစ်လျှောက်အပြေးလွှားပြုလုပ်လျက်ရှိနေသည်။

သူ၏မျက်နှာပြင်ထက်တွင်တားဆီးမရသည့်အပြုံးများပြည့်လျှံနေလျက်ရှိပြီးသူသည်လွတ်လပ်သောနယ်မြေနိမိတ်သို့ရောက်သွားသည့်နှယ်ပတ်ဝန်းကျင်အလှပအားတစ်ဖြည်းဖြည်းတိုးဝှေ့လာသည့်လေပြေလေညင်းများကြား သူသည်မြူမှုန်စတစ်စအသွင်။

လေပြင်းတစ်ချက်တိုက်ခတ်သွားတိုင်းသူသည်လည်းလေနှင်ရာအရပ်သို့လွင့်ပါသွားရာသူ၏ဆံသားများသည်လည်းအထိန်းအကွပ်မဲ့ကာစိတ်ရှိတိုင်းလွင့်မြောလျက်ရှိသည်။

လာဗင်ဒါပန်းခင်းသည်လူသူအရောက်ပေါက်နည်းသောတောင်ကုန်းထိပ်တွင်မြေမျက်နှာပြင်အပြည့်စိုက်ပျိုးထားလျက်ရှိရာသူ၏အလှသည်အနှိုင်းမဲ့သည်။တင်စားမှုမှာတန်ဖိုးကြီးသည်။တန်ဆာဆင်မှုမှာအဖိုးထိုက်တန်သည်။ပြင်သစ်နိုင်ငံဟုဆိုလိုက်လျှင်မြင်ကွင်းထက်၌ပေါ်လာမည်မှာလာဗင်ဒါပန်းခင်းလည်းအပါဝင်ပေ။

လာဗင်ဒါပန်းသည်သန့်ရှင်းစင်ကြယ်ခြင်း၊တိတ်ဆိတ်ခြင်း၊အလေးနက်ထားခြင်း၊တည်ငြိမ်အေးချမ်းခြင်း၊တင့်တယ်မှုရှိခြင်းနှင့်စိတ်အေးချမ်းမှုရှိခြင်းတို့ကိုကိုယ်စားပြုသည့်ပန်းမျိုးစိတ်လည်းဖြစ်သည်။လာဗင်ဒါ၏ ကျမ်းစာအဓိပ္ပါယ်မှာ သန့်ရှင်းခြင်း၊ ဆည်းကပ်ခြင်းနှင့် ချစ်ခြင်းကို ကိုယ်စားပြုသည်။

လာဗင်ဒါပန်းသည်ကံကောင်းခြင်းများကို ဆွဲဆောင်ခြင်း သို့မဟုတ် ကံဆိုးခြင်းများကို တွန်းလှန်နိုင်ခြင်းတို့ကြောင့် လာဗင်ဒါ၏ အစောပိုင်းသတင်းရင်းမြစ်များသည် မကောင်းမှုပြုသူများအကြားတွင်ကျင်လည်သည်ဟု ဆိုကြသည်။

လာဗင်ဒါသည် စိတ်ကို ပြေလျော့စေသော ဂုဏ်သတ္တိရှိသောကြောင့် သူ၏အနံ့ကုထုံးတွင် လူကြိုက်များကြသည်။ အိမ်အတွက် ရနံ့အိတ်များ၊ ဆေးရည်များနှင့် လက်ဖက်ရည်များပင် ပြုလုပ်ရန် အပင်ကို အသုံးပြုနိုင်ကြသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now