အပိုင်း(၇)

64 8 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

မနက်မိုးမလင်းမီအချိန်ထဲကဖြူသခင်သည်စောစီးစွာအိပ်ယာထရပြီးအိပ်ရေးမဝသေးသဖြင့်အိပ်ချင်မူးတူဖြစ်ကာမညီမညာဖြစ်နေသည့်ဆံပင်များသည်လည်းရှုပ်ပွကာမကြာခဏသန်းနေရသည်။

""ဒီနေ့ကဘာနေ့မို့လို့လဲ..ဘာလို့အစောကြီးထပြီး..ထပြီးတော့..ပြင်ဆင်နေရတာလဲ""

ဖြူသခင်သည်မှန်တင်ခုံရှေ့တွင်ထိုင်ပြီးအိပ်ငိုက်နေသဖြင့်စကားအားတောင်စဉ်ရေမရဟိုတစ်လုံး၊သည်တစ်လုံးဆိုရင်းနှင့်စကားအားရောသမမွှေကာစုံအောင်ပြောနေသည်။

""ဒီနေ့ကပန်းပွဲတော်နေ့လေ သခင်လေး..ဒါကြောင့်သခင်ကြီးကဒီအိမ်ကအစေခံတွေအားလုံးကိုဒီနေ့အပြင်ထွက်ဖို့ခွင့်ပြုချက်ပေးထားတယ်..အားလုံးကအပြင်ထွက်ရပြီးပန်းပွဲတော်ကိုအလည်ပတ်သွားရမှာမို့ရင်ခုန်နေကြတာ""

ပွင့်စူးသည်ဖြူသခင်ဝတ်ဆင်ရန်ဗီရိုထဲမှအဝတ်စားအားရှာဖွေနေရင်းနှင့်ပင်ပြန်ဖြေလာလေသည်။

""သခင်လေး ခေါင်းနဲနဲလောက်မတ်ပေးပါအုံး""

​အိပ်ငိုက်နေသဖြင့်ခုံပေါ်သို့တစ်ချက်ချက်ခေါင်းချင်းဆိုင်သွားရသည့်ဖြူသခင်အားပွင့်ဖြူမှခေါင်းဖီးပေးနေရင်းနှင့်ပင်မကြာခဏဆိုသလိုသတိပေးနေရသေးသည်။

""လွတ်လပ်ရေးရတာနင်တို့တွေလေ ငါမပါလဲသွားကြပေါ့အိပ်ငိုက်နေတာကို""

""မရပါဘူး သခင်လေးပါလိုက်ရမှာ..အပြင်မှာပန်းပွဲတော်ကတစ်နှစ်မှတစ်ခါကျင်းပတာ..အရမ်းစည်ကားပြီးအရမ်းအရမ်းကိုခမ်းနားတာ""

""မမပြောတာမှန်တယ် ပန်းပွဲတော်ကမနက်မိုးသောက်မတိုင်ခင်၅နာရီဆိုစပြီး အဲ့တော့စောစောမထရင်အရမ်းလှတဲ့ပန်းမျိုးစိတ်တွေကိုမြင်ရမှာမဟုတ်တော့ဘူး""

""မမြင်ရလဲမကြည့်တော့ပါဘူး""

ဟုဆိုကာဖြူသခင်သည်သူ့ခေါင်းအားမှန်တင်ခုံပေါ်သို့ခေါင်းချင်းဆိုင်ပြန်သည်။ပွင့်ဖြူမှခုံနှင့်ခေါင်းချင်းဆိုင်နေသည့်ဖြူသခင်၏ခေါင်းအားတဖန်ပြန်ထိန်းယူကာရှုပ်ပွနေသေးသည့်ဆံသားအားစိတ်ရှည်ရှည်ဖြင့်ဖီးသပ်ပေးပြန်သည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now