နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
""သခင်လေး ဒီလိုမလုပ်ပါနဲ့""
""မင်းကဒီရက်ပိုင်းငါအလိုလိုက်ထားတာများလွန်းလို့လုပ်ချင်ရာတွေလုပ်နေတက်ပြီပေါ့ ဟုတ်လား""
""မဟုတ်ပါဘူး သခင်လေးအထင်လွဲနေတာပါ""
""အထင်လွဲတယ် အဲ့ဒီအခြေနေကြီးကိုငါကအထင်လွဲတယ်ပေါ့လေ အဲ့ကောင်သာ..အဲ့ဒီကောင်သာဟိုအဖိုးကြီးအိမ်ကသခင်လေးမဟုတ်လို့ကတော့အဲ့ကောင်ကိုနေရာမှာတင်ပဲငါသတ်ပစ်လိုက်ပြီသိလား""
ခိမ်းသည်နှုင်းမြူရာ၏လက်အားအကြမ်းပတမ်းဆွဲယူလာရင်းနှင့်ပင်အိမ်ပြန်ရောက်လာသည်နှင့်သူ၏အခန်းထက်သို့ဦးတည်ဝင်သွားပြီးအခန်းထဲသို့ရောက်လာသည်နှင့်နှိုင်းမြူရာအားအိပ်ယာထက်၌တွန်းပစ်ချလိုက်လေသည်။
ပြီးသည်နှင့်သူသည်နှိုင်းမြူရာ၏ခန္ဓာကိုယ်ပေါ်သို့လွှမ်းမိုးလိုက်ကာမြူရာ၏လက်တစ်ဖက်တစ်ချက်ဆီကိုသူ၏လက်ဖြင့်ဖိကိုင်ထားလေသည်။
""သခင်လေး..လွတ်ပါ..ကျွန်တော်နာတယ်""
""နာတယ်ဟုတ်လား..မင်းလက်ကိုဒီလိုလေးဖိထားရရုံပဲရှိနေသေးတာတောင်မင်းနာနေပြီပေါ့..ဒါဆိုဘယ်လိုလုပ်မလဲ..မင်းကိုဒီလောက်ပဲအပြစ်ပေးရုံနဲ့ငါမကျေနပ်နိုင်သေးဘူး""
""သခင်လေး..""
""မြူရာ..မင်းကငါ့အပိုင်ပဲ မင်းဦးနှောက်ထဲမှာဘယ်တော့မှမေ့မသွားရမဲ့တစ်ခုထဲသောအမှန်တရားက မင်းကငါ့အပိုင်ဆိုတာပဲ""
"".....""
မြူရာသည်မည်သည့်စကားမျှထပ်ဆိုလာခြင်းမရှိတော့ပါပဲအခြေနေအားကြောက်ရွံ့နေသဖြင့်ငြိမ်သက်နေလေသည်။ဤသည်ကပင်ခိမ်း၏ဒေါသအားပွက်ပွက်ဆူလာစေသည်။
""မင်းငြိမ်နေတယ်ပေါ့ဟုတ်လား..ငါ့နောက်ကွယ်မှာတခြားကောင်နဲ့ဖောက်ပြန်နေတာကိုမိသွားတော့မင်းမှာပြောစရာမရှိတော့ဘူးပေါ့ တွေ့မယ် မင်းရဲ့ပိတ်နေတဲ့ပါးစပ်ပေါက်ကနေပြီးတော့ငိုသံထွက်လာတောင်ငါလုပ်ပြမယ်""
ခိမ်းသည်ထိုသို့ဆိုရင်းနှင့်ပင်မြူရာ၏လည်တိုင်တစ်လျှောက်အားစတင်နမ်းရှိုက်လာလေသည်။
VOCÊ ESTÁ LENDO
နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
Romanceဖြူသခင်ဆိုသည့်ကောင်လေးငယ်သည် ××ခုနှစ်၊ဒီဇင်ဘာလ၄ရက်နေ့တွင်သေဆုံးခဲ့ရသည်။သူသေဆုံးချိန်ကသူ့အနားတွင်ထိုသူရှိမနေခဲ့။ ထိုသူမှအိမ်တော်သို့ပြန်ရောက်လာချိန်တွင် ဖြူသခင်၏သေဆုံးနေသည့်ကိုယ်ခန္ဓာမှာရေခဲတိုက်ထဲ သို့သိမ်းဆည်းထားနှင့်ပြီးဖြစ်သည်။ owncreation...နှင်...