အပိုင်း(၃၁)

54 3 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

အလှပဆုံးသောနေ့ရက်အားအတူဖန်တီးခဲ့ဖူးသည်။

ဖြတ်သန်းလာခဲ့သောနေ့ရက်များသည် ရယ်မောသံများအပြည့်ပြည့်နက်နေခဲ့ပြီး အဘယ်ကြောင့်မျက်စိတစ်မှိတ်အတွင်း၌ အရာအားလုံးမှာလေဟာနယ်ကဲ့သို့ပျောက်ကွယ်သွားရသနည်း။မကြာလိုက်သည့်အချိန်ကာလအတွင်းမိသားစုသဖွယ် ရိုင်းပင်းကူညီကာဖေးမရင်း အချိန်ကာလအားဖြတ်ကျော်လာခဲ့ပါသော်လည်း ရယ်ရသည်။ ဗလာနတ္ထိသက်သက်သာ။

တကယ်တော့သူဟာနှိုင်းမြူရာမဟုတ်ခဲ့ပါပဲ ဖြူသခင်သာဖြစ်နေခဲ့သည်။ လွန်ခဲ့သည့်၁၃နှစ်ကမှတ်ဉာဏ်များအားပြန်လည်ဖော်ထုတ်လာချိန်တွင် သူသည်နှိုင်းမြူရာအဖြစ်မှဖြူသခင်ဘဝသို့ ကူးပြောင်းသွားခဲ့သည်ဟုထင်မှတ်ခဲ့သော်လည်းအမှန်တကယ်မှာ သူသာလျှင်ဖြူသခင်ဖြစ်နေခဲ့ပြီး ဤသည်မှာသူ၏မှတ်ဉာဏ်များဖြစ်သည်။

ဝမ်းနည်းနေတက်သည့်မြူရာအား သူ့ကိုယ်သူဟုသာထင်မှတ်ခဲ့ပြီး ဆင်းရဲသောကခံနေရသည့်ငရဲတွင်းထဲမှသူကယ်တင်ချင်ခဲ့သည်။ အိပ်မက်ထဲတွင် မြူရာမှလာရောက်ငိုကြွေးနေတက်သည့်အကြောင်းရင်းကိုဖြူသခင်နားလည်လာသည်။ ဖြူသခင်နှင့်ပတ်သက်သမျှကို အိပ်မက်မက်ပြီး ဖြူသခင်ဆိုသောဘဝနှင့်ရင်းနှီးကျွမ်းဝင်နေရသည့်ကိုလည်း သိရှိသွားသည်။

အစကတည်းကသူဟာဖြူသခင်ပဲ။

အချိန်ခရီးသွားနေခဲ့တာမျိုး၊ သူ့မှတ်ဉာဏ်ကိုပြန်ရှာဖွေဖို့အတွက် တခြားသူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲဝင်ရောက်လာတာမျိုးမဟုတ်ပဲ ဒါဟာအစကတည်းက သူ့ခန္ဓာကိုယ်၊သူ့အတိတ်တွေဖြစ်နေခဲ့တာပဲ၊

နောက်ဆုံးတွင် ခိမ်း၏ရည်ရွယ်ချက်အား ဖြူသခင်ခန့်မှန်းမိသွားသည်။

ခန့်မှန်းချက်သက်သက်သာဆိုသော်လည်း ခိမ်းထိုမျှထိလုပ်ရသည့်အကြောင်းရင်းအားထိပ်တိုက်မေးမြန်းရန်လိုအပ်လာလေသည်။ အဘယ့်ကြောင့်သူ့အားနှိုင်းမြူရာအဖြစ်ပြောင်းလဲလိုက်ရသနည်း။ အကြောင်းပြချက်မှာအဘယ်နည်း။

""ငါတို့စကားပြောဖို့လိုအပ်လာပြီ""

""ဘယ်သူကမင်းကိုအခန်းပြင်ထွက်လာခိုင်းလို့လဲ""

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းDonde viven las historias. Descúbrelo ahora