နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
မျှော်လင့်ထားသည့်အကြောင်းအရာအားအကောင်ထည်ဖော်ရန် အခြေအနေကိုစောင့်မျှော်ရင်း တစ်နေ့ပြီးတစ်နေ့ကျော်ဖြတ်လာခဲ့သည်မှာ ကံကောင်းခြင်းများရောက်ရှိလာသည်ဟုဆိုရမည်။ ခိမ်းမှမိုးမလင်းမီအချိန်ကတည်းက အရေးကြီးကိစ္စရှိပုံရသည်။ အိမ်မှအရေးတကြီးထွက်ခွာသွားသည့်အတွက် ဖြူသခင်ထံ အခွင့်ရေးရောက်လာခဲ့သည်။
အိမ်အားတင်းကြပ်စွာစောင့်ကြည့်နေသည့်အစောင့်များအား ဖယ်ရှောင်၍ သတိတစ်ချက်မပြုမိလိုက်သည့်အချိန်တွင် စီစဉ်ထားသည့်အတိုင်း ဖြူသခင်သည်အလင်းငယ်နှင့်အတူအိမ်မှထွက်ခွာလာလေသည်။
လက်ရှိရောက်ရှိနေသောနေရာနှင့် စံအိမ်တော်ကြီးမှာ အတော်ပင်အလှမ်းဝေးနေသဖြင့် နာရီများစွာအချိန်ယူကာ ခရီးဆက်ခဲ့ရသည်။ လမ်းခရီးတစ်ထောက်အနားယူရန်ပင်မတက်သာခဲ့။ တစ်ဖက်မှသူပျောက်နေသည်အားသတိမပြုမိသည့်အချိန်တွင်သာ သေတ္တာအားဦးစွာရှာဖွေနိုင်ရမည်။
အချိန်များစွာကျော်ဖြတ်လာပြီးသည့်နောက်တွင် နောက်ဆုံး၌စံအိမ်တော်သို့ရောက်ရှိလာလေသည်။ ခြံတံခါးသော့ခတ်ထားသည့်စံအိမ်တော်သည်အပြင်မှငေးကြည့်မိရုံဖြင့် ခြောက်သွေ့နေသည့်အငွေ့သက်ရသည်။ သူ့မှတ်ဉာဏ်ထဲမှာတော့ ဒီနေရာလေးဟာလူတွေအပြည့်နဲ့ စည်ကားနေဆဲပင်။ မြင့်မားစွာတည်ဆောက်ထားသည့်အုတ်နံရံအားကျော်တက်ကာ စံအိမ်တော်အတွင်းသို့ရောက်လာသည်။
ခြေလှမ်းအနည်းငယ်လျှောက်ရုံဖြင့် အိမ်တော်၏အထင်ကရနေရာတစ်ခုဖြစ်သည့်ပန်းခြံနားသို့ဦးစွာရောက်ရှိသည်။ ဖြူသခင်ခံစားမိသည်မှာ ၁၃နှစ်တာကာလသည် များစွာသောအခြေအနေအားဖြစ်ပျက်စေခဲ့သည်။ ပန်းပင်၊ ရှားပါးနှင်းဆီ၊ စံပယ်၊ ရွက်လှ စသည့်ပန်းမျိုးစိတ်ပေါင်းများစွာဖြင့်လှပအသက်ဝင်နေခဲ့သည့် အိမ်တော်၏ပန်းခြံသည် ယခုတွင်မူဂရုစိုက်ပျိုးထောင်မဲ့သူမရှိတော့သောကြောင့် ညိုးနွမ်းပျက်စီးခဲ့လေပြီ။
အကယ်၍များဒုတိယသခင်လေးသာ ထိုမြင်ကွင်းအား တစ်နေရာရာမှ ရှိနေကာတွေ့မြင်ခဲ့ပါက အဘယ်မျှထိဝမ်းနည်းနေလိမ့်မည်နည်း။ဘယ်လောက်တောင်များစွန့်ခွာဖို့ခက်ခဲနေခဲ့သည့်အရာမျိုးလဲ၊
VOCÊ ESTÁ LENDO
နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
Romanceဖြူသခင်ဆိုသည့်ကောင်လေးငယ်သည် ××ခုနှစ်၊ဒီဇင်ဘာလ၄ရက်နေ့တွင်သေဆုံးခဲ့ရသည်။သူသေဆုံးချိန်ကသူ့အနားတွင်ထိုသူရှိမနေခဲ့။ ထိုသူမှအိမ်တော်သို့ပြန်ရောက်လာချိန်တွင် ဖြူသခင်၏သေဆုံးနေသည့်ကိုယ်ခန္ဓာမှာရေခဲတိုက်ထဲ သို့သိမ်းဆည်းထားနှင့်ပြီးဖြစ်သည်။ owncreation...နှင်...