အပိုင်း(၁၁)

45 5 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ဖြူသခင်သည်သူ၏အစေခံနှစ်ယောက်ဖြစ်သောပွင့်ဖြူနှင့်ပွင့်စူးအားခေါ်ကာအိမ်တော်အပြင်ဘက်သို့အပျင်းပြေလမ်းလျှောက်ရန်ထွက်လာလေသည်။

""သခင်လေးကလဲအမြဲတမ်းအိမ်တော်အပြင်ကိုထွက်နေတာပဲ..ထွက်လာတိုင်းလဲကျွန်မတို့ကလိုက်လာရတယ်""

ပွင့်စူးသည်မနက်ခင်းအချိန်သာရှိသေးသည်။လုပ်စရာရှိသည်အားမလုပ်ရပါပဲဖြူသခင်နှင့်အတူအဖော်ပြုကာလမ်းလျှောက်ထွက်နေရသဖြင့်ငြူစူလိုက်လေသည်။

""ဒါကြောင့်ငါ့တစ်ယောက်ထဲကိုလွတ်ထားပါဆိုတော့လဲမင်းတို့ကစကားနားမထောင် ကြဘူးလေ""

""လွတ်ထားချင်တာပေါ့သခင်လေးရယ် ဒါပေမဲ့သခင်လေးလွတ်ထားလို့မှမရတာ တစ်ချိန်လုံးမျက်စိအောက်ကနေပျောက်ပျောက်သွားတာကို""

""မိစူး သခင်လေးကိုမရိုမသေမပြောရဘူး""

အမဖြစ်သူထံမှဆူခံထိသော်ပွင့်စူးသည်သူ၏နှုတ်ခမ်းအားထော်ပြကာငြိမ်သက်သွားလေသည်။

ကြာလာသည်နှင့်အမျှသခင်၊အစေခံနှင့်မတူတော့ပါပဲမောင်နှမနှင့်ပို၍ဆင်တူလာကြလေသည်။ဖြူသခင်သည်ပွင့်ဖြူနှင့်ပွင့်စူးအားညီမအရင်းပမာသဘောထားကာဆက်ဆံသကဲ့သို့ပွင့်ဖြူနှင့်ပွင့်စူးဆိုသည့်အစေခံမလေးနှစ်ယောက်သည်လည်းဖြူသခင်အားလိုလေသေးမရှိစေရသည့်အထိအသက်နှင့်ပင်ရင်း၍တာဝန်ကျေကျေဂရုစိုက်ကြလေသည်။

""ရပ်စမ်း..မပြေးနဲ့""

"".........""

""ဖမ်းကြစမ်း..ထွက်မပြေးနဲ့""

ဖြူသခင်၏သာယာနေသည့်မနက်ခင်းအားထိုဆူညံနေသောအသံများကဖျက်လိုဖျက်ဆီးပြုလုပ်နေလေသည်။

လမ်းမကြီးထက်တွင်အချို့သောသူတို့သည်တစ်စုံတစ် ယောက်နောက်သို့လိုက်နေကြသည်။

""ဘာတွေဖြစ်နေတာလဲ""

""မသိဘူး မမ ဘာဖြစ်နေတာပါလိမ့်""

လူအများစုဝေးနေရင်းထိုအကြောင်းအားတီးတိုးပြောနေသည်ကိုဖြူသခင်ကြားလိုက်ရသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now