အပိုင်း(၁၃)

45 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

စံအိမ်တော်သို့ပြန်လာရာအပြန်လမ်းတစ်လျှောက်တွင်ဖြူသခင်အတွေးများနေခဲ့သည်။

ခိမ်းနှင့်အတူတကွနေထိုင်ခဲ့သည့်၁၃နှစ်တာကာလတွင်ခိမ်းသည်ထိုမျှထိမိုက်ရူးရဲဆန်တက်သည့်စရိုက်ရှိမှန်းသူမသိခဲ့ချေ။ခိမ်းသည်ငယ်ရွယ်သောအနေထားကြောင့်များဤသို့ဖြစ်နေခြင်းများလား။

ဖြူသခင်ခံစားမိသည်မှာသူသည်ခိမ်းနှင့်အတိတ်ထဲတွင်ရင်းနှီးမှုရှိမနေသကဲ့သို့ပင်။ခိမ်းသည်သူ့အဖို့သူစိမ်းဆန်နေသည်။အမှန်တကယ်ဆိုလျှင်ခိမ်းသာရင်းနှီးမှုအရှိဆုံးလူဖြစ်ရမည်မဟုတ်လား။

""ကိုယ်မြူရာဆိုတဲ့တစ်ယောက်ကိုခေါ်လာပေးပါ့မယ်..ခဏလောက်ပဲအချိန်ထပ်ပေးလို့ရမလား""

""ဗျာ""

​အတွေးများနေသည့်ဖြူသခင်အားမြင်သော်မင်းသွီအက္ခရာမှတစ်မျိုးအထင်လွဲသွားပုံရသည်။ထို့ကြောင့်လဲငြိမ်သက်ကာလမ်းလျှောက်နေသည့်ဖြူသခင်ကိုသူ့ဘက်မှစတင်စကားဆိုလိုက်ခြင်းဖြစ်သည်။

""အမှန်တော့ကိုယ်ကမျိုးနွယ်စုအငယ်နဲ့ဆက်ဆံရေးသိပ်မကောင်းဘူးလေ ဖြူသခင်လဲသိပါတယ်..အစကထဲကတွေးလာခဲ့ပြီးသားပဲတစ်ခါထဲနဲ့ရမှာမဟုတ်ဘူးဆိုတာကို""

မင်း​သွီအက္ခရာအားဖြူသခင်နားမလည်။တစ်ခါတစ်ရံရိုးရှင်းသလိုနှင့်နားလည်ရခက်သည်။တစ်ခါတစ်ရံတွက်ခက်ထန်သည်။သို့သော်လည်းတစ်ချိန်ထဲ၌နူးညံ့မှုအသွင်ရှိနေပြန်သည်။မင်းသွီအက္ခရာသည်နားလည်ရခက်သည့်လူစားမျိုးဖြစ်သည်။သူနှင့်သေချာရင်းနှီးမှုမရှိသေးသောကြောင့်များလား။

""ကျွန်တော်..အကိုလေးကိုအရမ်းအားနာတာပဲ ဆက်ဆံရေးမကောင်းတာကိုမသိလိုက်ပဲနဲ့ကျွန်တော်စိတ်လိုက်မာန်ပါလုပ်မိသွားတယ်..""

""မဟုတ်တာ..ဖြူသခင်အမှားမဟုတ်ပါဘူး..ကိုယ်ကကူညီပေးချင်ရုံပါ..""

ဖြူသခင်သည်ချီတုံချတုံဖြစ်နေရာမှတစ်စုံတစ်ရာအားသိလိုစိတ်ပြင်းသဖြင့်သွီအက္ခရာထံစကားဆိုလိုက်သည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now