အပိုင်း(၂၂)

45 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

နေ့ရက်များသည်တစ်နေ့ပြီးတစ်နေ့ လျင်မြန်စွာကုန်ဆုံးသွားသည်။သို့သည့်တိုင် တစ်စုံတစ်ယောက်သည်စာမလာ၊သတင်းမကြားပါပဲ ယနေ့အချိန်ထိတိုင်အောင်အိမ်တော်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိသေးပါ။

နေမကောင်းဖြစ်နေရာမှပြန်လည်ထူထောင်စ ကျန်းမာလာသည့်မြူရာသည် တစ်ခါတစ်ရံအဖျားတက်ချင်နေသေးသည်။လေပြေလေညင်းခံရာတွင်လည်း ချောင်းဆိုးကာ အားနည်းနေသည်။ထို့ကြောင့် ဖြူသခင်သည်မြူရာအား အနီးကပ်ဂရုစိုက်ပေးနေရသည်နှင့်ပင် အိမ်တော်သို့ပြန်ရောက်လာခြင်းမရှိသည့် တစ်စုံတစ်ယောက်အားလည်း သတိရရန်အချိန်လျော့နည်းနေခဲ့သည်။

သည်ရက်ပိုင်းအတွင်း မြူရာမှအဖျားဝင်နေသောကြောင့် ပွင့်ဖြူနှင့်ပွင့်စူးသည်လည်း အလုပ်များနေကြသဖြင့် ဖြူသခင်အား အနီးကပ်သေချာဂရုစိုက်နိုင်သူမှာ အလင်းငယ်သာရှိသည်။ သူသည်ဖြူသခင်အနားမှ မခွာပါပဲ ဖြူသခင်သွားရာကိုသာလိုက်သွားလေ့ရှိသည်။

ခိမ်းသည်လည်း ထိုနေ့အပြီးအိမ်တော်သို့နောက်တစ်ကြိမ်ရောက်ရှိလာခြင်းမရှိတော့ချေ။

အကြောင်းမှာ သူသည်အလုပ်ကိစ္စဖြင့်နယ်ဘက်သို့ခရီးထွက်နေရသောကြောင့်ဖြစ်သည်ဟု အိမ်တော်မှမထွက်ခွာခင် ဖြူသခင်အား မြူရာနိုးလာပါက ထိုသို့အသိပေးရန် မှာသွားခဲ့သည်။

ဖြူသခင်မှ အခန်းထဲသို့အနားယူနေသည်အား ငြီးငွေ့ကာ အပြင်သို့ထွက်လာရာ တစ်ယောက်တည်းအပျင်းပြေလမ်းလျှောက်ထွက်နေစဉ် ၉နှစ်သားအရွယ်ကလေးတစ်ယောက်သည် ပန်းခြံအတွင်းရှိပန်းများအား ခူးရန်ပြင်နေသည်ကို ဖြူသခင်သတိထားမိသွားသည်။

အနီးနားတွင်မည်သူမှရှိမနေပါပဲ ထိုကလေးတစ်ယောက်ထဲသာလျှင်ရှိနေသဖြင့် ဖြူသခင်သည် ပန်းခူးရန်ပြင်နေသည့် ကလေးငယ်အားအလျှင်မြန်တားရန်ပြင်လိုက်သည်။

""ပန်းမခူးရဘူး""

ထိုအသံကြောင့်ပန်းခူးရန်ပြင်နေသည့်ကလေးငယ်သည် ပန်းခူးခြင်းမရှိတော့ပါပဲ အသံလာရာကိုသာမျက်လုံးလေး ကလယ်ကလယ်ဖြင့်လှည့်ကြည့်လာလေသည်။ဖြူသခင်သည်လည်း ထိုကလေးအနားသို့အမြန်သွားကာ

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းTempat cerita menjadi hidup. Temukan sekarang