အပိုင်း(၂၉)

44 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ပြင်သစ်နိုင်ငံသို့ရောက်လာသည်မှာ၅ရက်မြောက်နေ့သာရှိသေးသည်။ကြားလိုက်ရသည့်သတင်းသည်ယုံချင်စဖွယ်မရှိသောကြောင့် သတင်းကြားလိုက်သည့်ပထမဆုံးအကြိမ်တွင် မဖြစ်နိုင်သည့်အဖြစ်အပျက်ဟုသာမှတ်ယူထားပြီး သတင်းမှားလွင့်သည့်သူကိုပင်စိတ်ရောဂါသည်များလားဟု သတ်မှတ်ခဲ့သည်။

ချစ်ရသောထိုကောင်လေးသည် ဤလောကကြီးတွင်သူရှင်သန်နေရသည့်တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်သည်ကို ကံတရားမှမသိလေသလား..သို့တည်းမဟုတ် သူ့ဘက်မှထိုကောင်လေးအားမတွေ့မမြင်ရလျှင် အသက်မရှင်နိုင်ရလောက်သည်အထိ ခံစားချက်များပြင်းထန်နေသောကြောင့် သူ့အားဒဏ်ခတ်လိုက်လေသလား။

သတင်းရသည့်နေ့ရက်တွင်ပင် သူသည်မြန်မာနိုင်ငံသို့အလျှင်မြန်ပြန်ရောက်လာခဲ့သည်။ခရီးစဉ်တစ်လျှောက်သူဆုတောင်းနေခဲ့သည်မှာ ဤသည်မှာနောက်ပြောင်ကျီစယ်ခြင်းသာဖြစ်ရမည်။ထိုကောင်လေးသည် သူ့အားသတိရလွန်းသဖြင့် အမြန်ပြန်လာရန် အကွက်ချစီစဉ်လိုက်သည်ဖြစ်မည်။

တော်တော်ဆိုးသည့်ကောင်လေး၊ သူ့ဘက်ကအလိုလိုက်ထားလွန်းလို့ ထိုကောင်လေးမှသူ့အား နောက်ပြောင်ကျီစယ်တက်လာခဲ့လေပြီ။အိမ်တော်သို့ပြန်ရောက်မှသာ ထိုကောင်လေးအား ဤသို့စနောက်ခဲ့ခြင်းကြောင့်အပြစ်ဒဏ်ကောင်းကောင်းပေးရပေအုံးမည်။

မတည်ငြိမ်သောစိတ်အားအတက်နိုင်ဆုံးလျော့ထားကာ မွန်းကြပ်လာသည့်ရင်ဘတ်အားဖိကိုင်ထားပြီး သတင်းအမှားဖြစ်ရန်သာမျှော်လင့်ထားမိသော်လည်း အိမ်တော်သို့ပြန်ရောက်လာသည်နှင့် သူ့အားစောင့်မျှော်နေသည့်မြင်ကွင်းမှာ သွေးပျက်မတက်ထိတ်လန့်စေသည်။

ကျယ်ဝန်းသောဧည့်တွေ့ခန်းအတွင်း ခေါင်းတလားသုံးခုရှိနေသည်။ ထိုခေါင်းတလားသုံးခုအနက်အလယ်တွင် ထားရှိသောခေါင်းတလားသည်အကြီးဆုံးနှင့်အကျယ်ဆုံး ဖြစ်သည်။

ခေါင်းတလားဆိုသည်မှာ မှောင်မိုက်ခြင်းအားအသွင်ဆောင်သည်။ အဘယ်သူကများသတ္တိကောင်းလွန်း၍အိမ်တော်၏ဧည့်တွေ့ခန်း၌ခေါင်းတရားအား လာရောက်ထားဝံ့ရသနည်း။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now