အပိုင်း(၁၉)

57 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

တစ်လခန့်ကြာပြီးနောက်

လာဗင်ဒါပန်းမျိုးစိတ်အကြောင်းများစွာ စာဖွဲ့ခဲ့ပြီးပါသော်လည်း အဆုံးမသတ်နိုင်သောတည်ရှိခြင်းဖြင့်ဆက်ကာ ရေးဖွဲ့မိပြန်သည်။

မြေထဲပင်လယ်နိုင်ငံများဖြစ်သည့်အီတလီ၊ ပြင်သစ်၊ စပိန် ကဲ့သို့သောနိုင်ငံများတွင် လာဗင်ဒါအားစိုက်ပျိုးသည့်အစဉ်အလာများရှိသည်။သို့သော်ယခုအချိန်တွင် အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ဩစတေးလျနှင့် နယူးဇီလန်ကဲ့သို့သော နိုင်ငံများသည်လည်း စီးပွားရေးအဖြစ် လာဗင်ဒါပန်းများအား စိုက်ပျိုးထုတ်လုပ်ကြသည်။

တန်ဖိုးကြီးမားဖွယ်ရာကောင်းသည့်လာဗင်ဒါသည် သူ့ရာသီရောက်ချိန်တွင် လေထဲပြန့်ဝဲနေသည့်ပန်းရနံ့သင်းသင်းလေးနှင့် ရှည်လျားသောပန်းစိုက်ခင်းများအကြား လှပစွာဖြစ်တည်နေသဖြင့် ထိုမြင်ကွင်းအားမြင်တွေ့နိုင်သူအဖို့ ဘဝတစ်သက်တာတွင် အမှတ်ရဆုံးသောအခိုက်တန့်ဖြစ်လိမ့်မည်ဟု မှတ်ယူနိုင်ပါသည်။

လေညင်းတစ်သွင်သွင်တိုက်ခတ်နေသည့် မနက်ခင်းနေထွက်စပြုချိန်တွင် ပြင်သစ်နိုင်ငံအတွင်းရှိ လာဗင်ဒါပန်းစိုက်ခင်းတစ်ခုတွင် ကောင်လေးတစ်ယောက်၏ရယ်မောသံများအဆုံးမရှိထွက်ပေါ်လာလေသည်။

လောကကြီး၌အပူပင်မရှိကြီးပြင်းလာရသည့် ခဏတာသောအခိုက်အတန့်မျိုး၊ အဆင်ပြေဆုံးသောအနေအထားသို့ရောက်ရှိလာသည့်အချိန်အခါမျိုး၊ ပြန့်လွင့်လာသည့်ရယ်မောသံသည် ကြားရသူအဖို့စိတ်နှလုံးအေးချမ်းစေသည်အထိ စွမ်းဆောင်နိုင်ပါသည်။

လေနှင်ရာအတိုင်းလွင့်မြောပါလာသည့် အဖြူရောင်အင်္ကျီအပါးစအားဝတ်ဆင်ကာ အဖြူရောင်ဖိနပ်အပါးအားစီးထားပြီး စာဖွဲ့၍မကုန်နိုင်လောက်အောင် လှပကျယ်ဝန်းသည့် တည်နေရာ၌ ပြေးလွှားခုန်ပေါက်နေသည့် ထိုကောင်လေးသည် အပြုံးများခိုင်မြဲစွာဖွဲ့စည်းထားပြီး လက်ရှိအခြေအနေအား အတော်ပင်သဘောကျနေပုံရသည်။

ထိုကောင်လေးနှင့်၃ပေအကွာခန့်တွင်နောက်ထပ်သော တစ်စုံတစ်ယောက်လည်းရှိနေသည်။ထိုသူသည် ပျော်ပါးခုန်ပေါက်နေသည့် ကောင်လေးအားမြတ်နိုးဖွယ်ရာအတိပြည့်နက်နေသည့်အကြည့်တို့ဖြင့်ကြည့်ကာ မျက်စိအောက်မှအပျောက်မခံနိုင်သကဲ့သို့ တစ်ဖက်သူ၏လှုပ်ရှားမှုမှန်သမျှအား မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now