အပိုင်း(၆)

79 6 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ဖြူသခင်မှဤနေရာသို့ရောက်ရှိလာသည်မှာယနေ့တွင်တစ်လပြည့်ခဲ့ပြီဖြစ်သည်။သို့သော်လည်းသူသည်အတိတ်ကမှတ်ညဏ်နှင့်ပက်သက်၍မည်သည့်သဲလွန်စမှမရရှိသေးပါ။

နှိုင်းမြူရာဟူသည့်အသက်၃၅နှစ်အရွယ်မှဖြူသခင်ဆိုသည့်အသက်၂၂နှစ်သာရှိသေးသည့်ကောင်လေး၏ကိုယ်ခန္ဓာသို့အဘယ့်ကြောင့်ရောက်ရှိလာခဲ့ရသနည်း။ဖြူသခင်သည်သူ၏အတိတ်များထဲတွင်မည်သည်အားကြုံတွေ့ခဲ့ရသည့်အတွက်ဤခန္ဓာကိုယ်မှသူ့အားရွေးချယ်ခဲ့ရသနည်း။

မည်သို့လုပ်မှသာလျှင်လက်ရှိဘဝထံသို့ပြန်ရောက်နိုင်မည်ကိုဖြူသခင်မသိသေးပါ။ခိမ်းအားတွေ့ကာမေးချင်နေသည်မှာများပြားလှပါသော်လည်း သည်အခြေနေမှာခိမ်းနှင့်ဘယ်လိုမှမတွေ့နိုင်။

​စိတ်ညစ်စွာနှင့်ပင်ဖြူသခင်သည်ပန်းခြံဘက်သို့အပျင်းပြေစေရန်လမ်းလျှောက်ထွက်လာလေသည်။

သည်နေ့မှာမူအိမ်တော်အတွင်း၌လူအနည်းငယ်ရှုပ်နေသည်။အကြောင်းမှာစံအိမ်တော်အတွင်းသို့မျိုးနွယ်စုအငယ်လေးများမှလာရောက်ကြမည်ဖြစ်၍ဧည့်ခံကျွေးမွေးရန်အလုပ်ရှုပ်နေကြသည်။

မနက်ထဲကပွင့်ဖြူနှင့်ပွင့်စူးတို့ညီအမနှစ်ယောက်သည်လည်း ဖြူသခင်အနားတွင်ရှိမနေပါပဲလုပ်စရာရှိသည်အားဆောင်ရွက်နေကြသည်။

ဖြူသခင်သည်ပန်းခြံအနီးနားတစ်ဝိုက်တွင်လမ်းလျှောက်နေစဉ်ရုတ်တရက်သူ၏ခြေလှမ်းများရပ်တန့်သွားရလေသည်။

သူ့ရှေ့တွင်ဖြတ်လျှောက်သွားသည့်သူစိမ်းလူအားသူရင်းနှီးနေသည်ထက်ကိုပိုသည်။ထိုသူအားမြင်သော်သူ့အမြင်အာရုံကိုပင်သူမယုံကြည့်နိုင်ပါပဲထိုသူ့အားအော်ခေါ်ရန်အသံမှာနှုတ်ခမ်းဖျားတွင်ပင်ပျောက်ကွယ်သွားရသည်အထိ။

အမြင်မှားနေသည်မှာလုံးဝမဖြစ်နိုင်ပါ။သူမှသူအစစ်။

တစ်ဖက်သူ၏ခြေလှမ်းတည့်ရာအတိုင်းဖြူသခင်သည်ထိုသူ့နောက်သို့လိုက်နေမိသည်။နှုတ်ခမ်းဖျားထက်မှလည်း

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းOnde histórias criam vida. Descubra agora