အပိုင်း(၁၈)

53 5 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

အခန်းထဲတွင်လူအချို့ရှိသည်။တစ်စုံတစ်ယောက်၏ငိုကြွေးသံပင်သေချာမကြားရတော့ပါပဲအခြေအနေမှာတိတ်ဆိတ်သည်ထက်ပင်ပို၍တိတ်ဆိတ်နေသည်။

ရင်ခွင်ထက်တွင်ထွေးပွေ့ထားသည့်အသက်မရှိတော့သည့်ကိုယ်ခန္ဓာလေးသည်လည်းခဏတာအတွင်း၌ဖြူဖက်နေသည့်သဏ္ဌာန်သို့လျင်မြန်စွာကူးပြောင်းလာခဲ့ပြီးဖြစ်သည်။နောက်ဆုံးလက်ခံလိုက်ရသည်မှာထိုကောင်လေးသည်အမှန်တကယ်အသက်မဲ့သွားခဲ့ပြီဖြစ်သည်။

""ဘယ်လိုဖြစ်တာလဲ""

အစောပိုင်းကမှအခန်းထဲသို့ရောက်လာသည့်သွီသည်အခြေနေအားနားမလည်သဖြင့်ဖြူသခင်ထံမေးကြည့်ပါသော်လည်းဖြူသခင်သည်ခေါင်းခါပြရုံသာတက်နိုင်သည်။

""အားလုံးကျေနပ်ကြပြီလား..""

တိတ်ဆိတ်နေသည့်အနေထားမှထွက်ပေါ်လာသည့်လွေ့၏အေးစက်စက်စကားတစ်ခွန်း။

""ဘယ်လိုလဲအဖေ..ကျေနပ်သွားပြီလား..""

ဒုတိယစကားတစ်ခွန်းအစပြုချိန်တွင်သခင်ကြီးသည်လည်းမည်သည့်စကားတစ်ခွန်းမှနှုတ်မဟမိတော့။

လွေ့သည်ရင်ခွင်ထက်၌အသက်မဲ့နေသည့်ကောင်လေး၏မျက်နှာငယ်လေးအားငေးမောကြည့်ရာမှထိုကောင်လေး၏နဖူးပြင်ထက်သို့ဒုတိယအကြိမ်ထပ်ကာအနမ်းခြွေမိပြန်သည်။

သည်တစ်ခါတွင်ပထမအကြိမ်ကကဲ့သို့တစ်ဖက်ကောင်လေးသည်ရှက်သွေးကြွယ်ဟန်မပြတော့။ထိုအနမ်းအားပြန်လည်တုံ့ပြန်ခြင်းမရှိတော့ပါပဲအတိုင်းသားငြိမ်သက်နေသည်။

သူသည်ချစ်ရသူ၏အသက်မဲ့နေသည်ကိုယ်ခန္ဓာအားကြမ်းပြင်ထက်တွင်ဖြည်းညင်းစွာချထားလိုက်သည်။ပြီး​နောက်ထိုင်နေရာမှအရှိန်ယူကာဖြည်းညင်းစွာပြန်ထလာသည်။လက်နှစ်ဖက်လုံးနှင့်အဝတ်အစားအချို့သောနေရာတွင်မူသွေးကွက်များစွန်းထင်နေသည်။

""အဖေ..အကိုကြီး..ညီငယ်..""

လွေ့သည်သူ၏မိသားစုဝင်သုံးယောက်အားသေချာကြည့်ကာ..စကားအားတစ်လုံးချင်းသေချာစွာပြောလာသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now