အပိုင်း(၁)

247 8 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

×××ခုနှစ်၊ဧပြီလ(၆)ရက်

အချိန်သည်ည၁၀နာရီခန့်ရှိလေပြီ။

ပုံမှန်ဆိုလျှင်၁၀နာရီဟူသည့်အချိန်မှာညနက်သည်ဟု
ဆို၍မရသော်လည်း ယခုမှာမူလူကုံထံအသိုင်းဝိုင်းများ၏နေထိုင်ရာဖြစ်သည့်ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သောကြောင့်ပတ်ဝန်းကျင်မှာအချိန်ပြည့်ပင်တိတ်ဆိတ်ငြိမ်သက်နေတက်လေ့ရှိသည်။

အဖြူရောင်ဖြင့်သာရိုးရှင်းစွာဆေးသုတ်ခြယ်ထားသည့်သုံးထပ်တိုက်အိမ်ကလေးတစ်လုံးသည်
မြင်ရသူတိုင်း၏အမြင်တို့အားကြည်လင်အေးချမ်းစေသည့်အမြင်သစ်တစ်မျိုးရရှိစေသည်။လိုအပ်သည်ထက်ပင်ပိုကာကျယ်ဝန်းသည့်ခြံတစ်ခြံထဲတွင်ထိုသုံးထပ်တိုက်အိမ်လေးသည်နန်းတော်အလားအမြင်မှားနိုင်သည့်အထိနေချင်စဖွယ်ကောင်းလှသည်။

ခြံတံခါးအဝင်ပေါက်မှနေ၍အိမ်ရှေ့တံခါးပေါက်ထိသပြေပင်များ၊ရှားပါးနှင်းဆီမျိုးစိတ်များ၊စံပယ်မျိုးကြီးများ၊အရိပ်ကောင်းကောင်းရရှိနိုင်မည့်အချို့သောပင်စည်ကြီးအပင်များလည်းနေရာအနှံ့စိုက်ပျိုးထားသည်။

ထိုအိမ်ကလေး၏ထူးခြားချက်မှာရိုးရှင်းလှသော်လည်းခေတ်မှီလှသည့်ဆောက်လုပ်မှုပုံစံဒီဇိုင်းများကြောင့်ထိုအိမ်အတွင်းနေထိုင်ကြသူများသည်သာမန်လူများမဖြစ်နိုင်ပါပဲအတော်ပင်ချမ်းသာကြွယ်ဝမှသာလျှင်ထိုကဲ့သို့သောနေအိမ်မျိုးနှင့်ကြီးမားကျယ်ပြန့်သောခြံဝန်းကြီးအားလက်ဝယ်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

သို့သော်လည်းထူးခြားချက်အနေဖြင့်ထိုအိမ်၏အသွင်သဏ္ဌာန်သည်အထီးကျန်ဆန်မှုများဖုံးလွမ်းထားဟန်နှင့်တူသည်။ထိုသို့ဆိုရသည့်အကြောင်းရင်းမှာထိုအိမ်အတွင်းရှိအိမ်ပိုင်ရှင်များအားပတ်ဝန်းကျင်တွင်အမြဲတစေတွေ့မြင်ခြင်းမရှိပါပဲရံဖန်ရံခါမှသာလျှင်တွေ့ရခဲယဉ်းသည့်လူတန်းစားအလွှာများနေထိုင်သည့်အိမ်ဖြစ်မည်ထင်ပါသည်။

လူကုံထံများနေထိုင်သည့်ပတ်ဝန်းကျင်ဖြစ်သည်နှင့်အညီညဘက်သို့ရောက်ရှိလာသည်အခါအိမ်တိုင်းလိုလိုပင်လျှပ်စစ်စွမ်းအားအလုံလောက်ရရှိထားသည်ဖြစ်ရာနေအိမ်တိုင်း၌မီးသီး၊မီးလုံးများဖြင့်ညအမှောင်အားလင်းထိန်သွားစေသည့်တိုင် မီးများဖွင့်ထားလျက်ရှိသည့်တိုင်ထိုနေအိမ်ကလေးမှာမူပြင်ပဘက်တွင်မှောင်မိုက်ခြင်းများဖုံးအုပ်ထားပြီးအိမ်အတွင်း၌သာလျှင်အနည်းငယ်သောအလင်းရောင်အားထွန်းညှိထားလေသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းOù les histoires vivent. Découvrez maintenant