Daffodilရဲ့အဓိပ္ပါယ်ကကောင်းမွန်သောစတင်ခြင်းတဲ့💛မင်းနဲ့တွေ့ခွင့်ရဖို့ ပြန်လည်မွေးဖွားလာခဲ့တယ်...မင်းနဲ့ဆုံခွင့်ရဖို့ အကောင်းမွန်ဆုံးသောအချိန်ကိုစောင့်နေခဲ့တယ်...မင်းနဲ့နီးစပ်ခွင့်ရဖို့ အတိတ်တွေထဲကနေပြန်လည်ရှင်သန်လာတယ်..
လာဗင်ဒါပန်းတွေကိုသဘောကျတက်တဲ့ကောင်လေးတစ်ယောက်ရှိတယ်
နိုင်ငံရဲ့ပန်းပွင့်ချိန်မှာတောင်တွေ့ရခက်တဲ့လာဗင်ဒါပန်းခင်းကြီးထဲကို ဒီကောင်လေးကအပြေးလွှား ခုန်ပေါက်သွားချင်နေခဲ့တာ...အဖြူရောင်ဝတ်စုံကိုဝတ်ထားပြီး၊ အဖြူရောင်ဖိနပ်အပါးလေးကိုစီးထားပြီး၊ ဒီလောကကြီးထဲမှာကောင်းသောအရာတွေကပဲ ဒီကောင်လေးအတွက်တည်ရှိနေသလိုမျိုး...
""ကိုယ်ချစ်ရတဲ့သူက ဒီကမ္ဘာပေါ်မှာ၊ ဒီနေရပ်ဝန်းကျင်မှာ၊ ဒီစကြာဝဋ္ဌာတစ်ခုလုံးမှာ ကိုယ့်အတွက်တော့တစ်ခုတည်းသော တည်ရှိနေတဲ့သက်ရှိမြင်လွှာလေးတစ်ခုပဲ ဒါကြောင့်မို့လို့ကျေးဇူးပြုပြီး ကိုယ့်ထက်တော့တစ်ရက်ပိုအသက်ရှင်နေပေးပါ""
(မင်းသွီအက္ခရာ)
""လာဗင်ဒါပန်းလေးတွေကလှတယ်...ကျွန်တော်က လာဗင်ဒါပန်းကိုအရမ်းသဘောကျတာ...ပြီးတော့...အကိုလေးကိုရောပဲ""
(ဖြူသခင်)
......................
(မင်းသွီအက္ခရာ)
(ဖြူသခင်)
......................
YOU ARE READING
နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
Romanceဖြူသခင်ဆိုသည့်ကောင်လေးငယ်သည် ××ခုနှစ်၊ဒီဇင်ဘာလ၄ရက်နေ့တွင်သေဆုံးခဲ့ရသည်။သူသေဆုံးချိန်ကသူ့အနားတွင်ထိုသူရှိမနေခဲ့။ ထိုသူမှအိမ်တော်သို့ပြန်ရောက်လာချိန်တွင် ဖြူသခင်၏သေဆုံးနေသည့်ကိုယ်ခန္ဓာမှာရေခဲတိုက်ထဲ သို့သိမ်းဆည်းထားနှင့်ပြီးဖြစ်သည်။ owncreation...နှင်...