အပိုင်း(၂၃)

47 3 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ချစ်စရာကောင်းသည့်အသံသေးသေးလေးဖြင့်စကားဆိုတက်သည့် ကလေးငယ်နှင်းယံသည် ညနေစောင်းအချိန်သို့ရောက်လာသောအခါအိမ်တော်သို့သူ၏ဖခင်မှပြန်ရောက်လာသဖြင့်နုတ်ဆက်စကားဆိုကာ ပြန်သွားကြလေသည်။

စကားတစ်ခွန်းအားကြားလိုက်ပြီးသည့်အချိန်မှစကာ မျက်နှာမလှသူမှာဖြူသခင်ဖြစ်သည်။သူသည်သွီအားအမေးထုတ်ရန် အစီစဉ်ရှိနေပါသော်လည်းကြားထဲဖြစ်ပျက်သွားသည့်ကိစ္စများကြောင့်မေးရန် မေ့လျောနေခဲ့သည်။

အကယ်၍များ သွီကိုယ်တိုင်ကလည်းဖခင်ဖြစ်သူလက်နက်မှောင်ခိုရောင်းချသည့်ကိစ္စထဲတွင်ပါဝင်နေပါက သူမည်သို့တုံ့ပြန်ရမည်နည်း။

အခန်းအတွင်းရှိအိပ်ယာထက်တွင် ကျောမှီချထားကာ ညနေစောင်း၍ ညဘက်ရောက်လာသည်အထိအတွေးများနေသူမှာဖြူသခင်ဖြစ်ရာ သူသည်အဆုံးမသတ်နိုင်သည့်မေးခွန်းကိုသာ ဆက်တိုက်ပြန်မေးနေမိသည်။ တရားမဝင်သောအလုပ်အား ချစ်ရသူမှလုပ်ကိုင်ခဲ့သည်ဆိုပါက သူမည်သို့ပြန်လည်တုံ့ပြန်ဟန်ပြုရမည်နည်း။

ဒေါက်..ဒေါက်

ဖြူသခင်အဖို့အတွေးများနေရာမှရုတ်တရက်တံခါးခေါက်သံကြားလိုက်ရသဖြင့် လက်ရှိအခြေအနေထံအာရုံပြန်ရောက်လာသည်။

""ဘယ်သူလဲ""

""ကျွန်တော်ပါသခင်လေး အလင်းငယ်""

""ဝင်ခဲ့လေ""

အခန်းထဲဝင်လာသည့်အလင်းငယ်သည် လက်ထဲတွင်စတီးခွက်တစ်ခွက်အားလက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ညာဘက်ပခုံးထက်တွင် အဖြူရောင်သဘက်တစ်ထည်အား တန်းလန်းတင်ထားသည်။

""သခင်လေး""

""ကိစ္စရှိလို့လား""

""ပွင့်စူးကပြောတယ် သခင်လေးခြေထောက်ကိုရေနွေးစိမ်ပြီးနှိပ်ပေးဖို့လူလိုတယ်တဲ့ ဒါမှသခင်လေးကညဘက်ကောင်းကောင်းအိပ်ပျော်နိုင်ပြီးအတွေးမများတော့မှာတဲ့လေ ""

""ပွင့်စူးကရော""

""အလုပ်များနေလို့ခုထိမနားရသေးပါဘူး ကျွန်တော်ပဲအချိန်လွတ်နေတော့ သူမအစားယူလာပေးတာပါ""

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းDonde viven las historias. Descúbrelo ahora