နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
ဒုတိယသခင်လေးဖြစ်သည့်မင်းလွေ့အက္ခရာသည်ဦးမင်းအက္ခရာ၏တရားမဝင်မွေးဖွားလာသည့်သားဖြစ်သည့်အလျောက်သူ၏ဘဝတစ်လျှောက်လုံးတွင်ညှိုးငယ်စွာဖြင့်သာကြီးပြင်းလာခဲ့ရသည်။
သူသည်ငယ်စဉ်ထဲမှစ၍မိသားစုထံမှအရေးပေးခံရရန်အမြဲတစေအရာရာ၌ကြိုးစားခဲ့သည်။ကံမကောင်းသည်မှာသူသည်ဘယ်သောအခါကမှလူဘောင်မဝင်ခဲ့ခြင်းပင်။နိုင်ငံခြားတွင်ကျောင်းတက်ခွင့်ရရန်ကြိုးစားခဲ့ပါသော်လည်းပထမသခင်လေးနှင့်တတိယသခင်လေးအကြာဖြစ်ပေါ်လာသည့်ပဋိပက္ခများကြောင့်ဘဝ၏အခွင့်ရေးအားဆုံးရှုံးခဲ့ရပြန်သည်။
မင်းလွေ့အက္ခရာ၏မိခင်သည်မယားငယ်ဖြစ်ပါသော်လည်းသိမ်မွေ့ခြင်းအသွင်ဆောင်သည်။သားဖြစ်သူအားအခြားသောညီအကိုများနှင့်သင့်မြတ်စွာနေထိုင်ရန်၊အရာရာအားလောဘမကြီးရန်ငယ်စဉ်ဘဝထဲမှသွန်သင်ဆုံးမခြင်းခံထားရသူဖြစ်သည်။ထို့ကြောင့်လည်းသူသည်အခြားသောညီအကိုများကဲ့သို့ဒေါသ၊မောဟ၊လောဘမရှိပါပဲအမြဲတမ်းငြိမ်သက်သည်။
""သခင်လေး..ဒါလေးကြည့်ပါအုံး..နှင်းဆီငုံလေးဖူးလာပြီ""
အဖိုးတန်ခြင်းမရှိသောမင်းလွေ့အက္ခရာဘဝထဲတွင်အသက်၁၈နှစ်သာရှိသေးသည့်ခွာညိုငယ်ဆိုသူသည်အဖိုးထိုက်တန်သောသူဖြစ်လာသည်။
စံအိမ်တော်ကြီးအတွင်းတည်ရှိနေသောပန်းခြံသည်လည်းလွေ့ကိုယ်တိုင်ဦးစီးဦးဆောင်ကာပျိုးထောင်ထားခဲ့ခြင်းဖြစ်သည်။ပန်းခြံအတွင်းသစ်ပင်ပန်းမန်မျိုးစုံ၊ပန်းပင်မျိုးစိတ်များစွာစိုက်ပျိုးထားသည်မှာလွေ့၏ပျိုးထောင်မှုများသာဖြစ်သည်။
ယနေ့မနက်လည်းထုံးစံပြုနေကြအတိုင်းပင်လွေ့သည်ဥယျာဉ်မှူးပီပီပန်းခြံထက်သို့လာရောက်၍ပန်းဥယျာဉ်အားသေချာဂရုစိုက်နေပြန်သည်။အနားတွင်လည်းတွေ့မြင်နေကျဖြစ်သည့်ခွာညိုငယ်လည်းရှိနေသည်။
""နောက်ဆုံးတော့ဖူးလာခဲ့ပြီပဲ..ဒီနှင်းဆီမျိုးစိတ်ကအရမ်းရှားပါးတာ..အရမ်းလည်းပျိုးထောင်ရခက်တယ်..ဒါလေးကအဖူးများဖူးလာပါ့မလားလို့တောင်စိတ်ပူနေခဲ့ရတာ""
YOU ARE READING
နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
Romanceဖြူသခင်ဆိုသည့်ကောင်လေးငယ်သည် ××ခုနှစ်၊ဒီဇင်ဘာလ၄ရက်နေ့တွင်သေဆုံးခဲ့ရသည်။သူသေဆုံးချိန်ကသူ့အနားတွင်ထိုသူရှိမနေခဲ့။ ထိုသူမှအိမ်တော်သို့ပြန်ရောက်လာချိန်တွင် ဖြူသခင်၏သေဆုံးနေသည့်ကိုယ်ခန္ဓာမှာရေခဲတိုက်ထဲ သို့သိမ်းဆည်းထားနှင့်ပြီးဖြစ်သည်။ owncreation...နှင်...