အပိုင်း(၃၃)ဇာတ်သိမ်းပိုင်း(၁)

85 3 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

ဒိန်း..ဒိန်း

ဒိန်း..

ဖြူသခင်မှ ရှာဖွေလိုသည့်ပစ္စည်းအားရှာတွေ့ကာ ဧည့်ခန်းအတွင်းမှထွက်လာသည်နှင့် ခြံတံခါးအဝင်ပေါက်တွင်စောင့်နေသည့်အလင်းငယ်ထံသို့အလျှင်မြန်ပြေးလာခဲ့ပါသော်လည်း သူသည်ခြေတစ်လှမ်းနောက်ကျသွားခဲ့လေပြီ။

ပိတ်ချထားသည့်ခြံတံခါးသည်အခန့်သားပွင့်နေပြီး ထိုနေရာအတွင်းအလင်းငယ်မရှိတော့ပါပဲ ဖြူသခင့်မြင်ကွင်းထက်သို့အလင်းငယ်အား တစ်စုံတစ်ယောက်မှ ဖမ်းချုပ်ထားသည့်မြင်ကွင်းမှာ တစ်စိုက်မတ်မတ်ရောက်လာသောကြောင့် ဖြူသခင်သည်ရောက်ရာအရပ်တွင်သာခြေစုံရပ်ကာ အကာကွယ်တစ်ခုယူပြီးပုန်းကွယ်ထားရသည်။

အကြောင်းမှာ အိမ်တော်အတွင်းထဲရှိနေသည့်လူတစ်စုနှင့် အိမ်တော်အပြင်ဘက်တွင်ရှိနေသည့်လူတစ်စုမှာ အချင်းချင်းသေနတ်ဖြင့်ပစ်ခတ်ရန်အသင့်အနေထားသို့ပြင်နေကြကြောင့်ဖြစ်သည်။

ဒိန်း..

ဒိန်း..

ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူနှစ်ယောက်ထံမှ စည်းခြားထားသည့်မြေပြင်ထက်သို့ ပစ်လိုက်သောနှစ်ခါဆက်တိုက်ထွက်လာသည့်သေနတ်သံကြောင့် ဖြူသခင်သည် နားထင်အားလက်ဖြင့်ပိတ်ထားရသည်။ ထိုအနေအထားမှအခြေအနေအားအကဲခတ်ရသေးသည်။

အိမ်တော်အပြင်ဘက်တွင်ရှိနေသည့်လူတစ်စုအနက် ရင်းနှီးသောအရိပ်ငယ်လေးအားဖြူသခင်မြင်လိုက်ရသည်။ ထိုသူမှာအံ့ဖွယ်ခိမ်းဖြစ်သည်။ သူနှင့်ပို၍ နီးကပ်နေသည့် အိမ်တော်အတွင်းဘက်တွင်ရှိနေသည့်လူတစ်စုသည် သူ့အားကျောပေးထားသဖြင့် မည်သူဖြစ်သည်ကို ဖြူသခင်မသိပါသော်လည်း အခြေအနေအရ အိမ်တော်အတွင်းမှရှိနေသူများသည် လူအင်အားအရရော လက်နက်အရပါ အားသာမှုရှိနေသည်။

အလင်းငယ်မှာ တစ်ဖက်အိမ်တော်အပြင်ဘက်ရှိ လူတစ်စုထံတွင်ဖမ်းချုပ်ခြင်းခံထားရပြီး ပါးစပ်ထဲတွင် ပိတ်သားစအားစကားမပြောနိုင်စေရန်စို့ထည့်ထားသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now