အပိုင်း(၈)

56 6 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

""တော်သေးတာပေါ့သခင်လေးရယ် တတိယသခင်လေးကအိမ်ပြန်ခေါ်လာပေလို့ပေါ့""

""ဟုတ်ပါတယ်သခင်လေး မတော်လို့များသခင်လေးသာတစ်ခုခုဖြစ်သွားရင်ကျွန်မနဲ့မမတော့ဘယ်လိုလုပ်ရမလဲတောင်မသိတော့ဘူး..တကယ်ကိုမတွေးရဲစရာပါပဲ""

အခန်းထဲသို့ပြန်ရောက်လာသည်ထဲကဖြူသခင်သည်ညအိပ်စက်ရန်ပြင်ဆင်နေချိန်၌သူ၏အစေခံမလေး၂ယောက်မှသူ့အားစကားများတရစပ်ပြောနေလေသည်။

ဖြူသခင်သည်ညအိပ်စက်ရန်အဖို့အပြာရောင်တီရှပ်လက်တိုနှင့်မီးခိုးရောင်အပါးသားဘောင်းဘီတိုအားရိုးရှင်းစွာဝတ်ဆင်ထားလိုက်သည်။မနက်ထဲမှပြင်ဆင်သွားသည့်ဆံပင်ပုံစံမှာယခုမှာမူပြေပျောက်သွားခဲ့လေပြီးနဂိုဆံပင်ပုံစံအတိုင်းသာမတိုမရှည်နှင့်ကျန်ခဲ့လေသည်။

""နောက်တခါဆိုသခင်လေးကိုလုံးဝမျက်စိအောက်ကနေအပျောက်မခံတော့ဘူး""

""နောက်တခါဆိုတာမရှိတော့ဘူး သခင်လေးကိုဒီနေ့ကစပြီးအပြင်မခေါ်သွားရတော့ဘူး""

""ဟမ်""

""ဟုတ်တယ် မမပြောတာမှန်တယ် သခင်လေးကိုနောက်ထပ်အပြင်မခေါ်သွားတော့ဘူး""

""နေ နေပါအုံး""

ညီအမနှစ်ယောက်သည်အတိုင်ဖောက်ညီပြန်လေပြီ။သည်လိုနှင့်သူတော့အပြင်ထွက်ခွင့်ပိတ်ခံထိတော့မှာပါပဲ။

""ဒါပေမဲ့တကယ်တော်သေးတာပေါ့ သခင်လေးကိုတတိယသခင်လေးကရှာတွေ့သွားလို့ အဲ့လိုမှမဟုတ်ရင်ရလဒ်ကတကယ်ကိုမတွေးရဲစရာပဲ""

""ဟုတ်တယ်နော် တတိယသခင်လေးကိုကျေးဇူးတင်ရမယ်""

တတိယသခင်လေး...မင်းသွီအက္ခရာ..ပြီးတော့..အကိုလေး။

ဖြူသခင်သည်ထိုသူ၏နာမည်အားကြားလိုက်ရရုံဖြင့်သူ့အလိုလိုပင်သတိမထားမိလိုက်ပါပဲ အပြုံးတစ်ခုဖြစ်ပေါ်လာမိသည်။

""အကိုလေးကဘယ်လိုလူမျိုးလဲ""

""အကိုလေး..အကိုလေးကဘယ်သူလဲ""

ပွင့်စူးမှမသိသကဲ့သို့ကြောင်တောင်တောင်နှင့်မေးလာမှသာဖြူသခင်သည်လည်းအခြားသောအခေါ်ဝေါ်အားသုံးနှုန်းမိသွားမှန်းသတိထားမိသွားလေသည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းOnde histórias criam vida. Descubra agora