အပိုင်း(၂၄)

45 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

အချစ်ခံရသည့်အခြေအနေအားကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသဖြင့် အချစ်မခံရတော့သည့်အနေအထားကိုလည်း မျက်မှန်းတန်းရလောက်သည်အထိမတုံးအခဲ့ပေ။

လက်ရှိအခြေအနေသည် အချစ်မခံရခြင်းမျိုးမဟုတ်ပါပဲ အလေးမပေးသလိုခံစားနေရသည့်ဖြစ်တည်မှုမျိုး။ အမှန်တကယ်ဆိုလျှင် အတွေးလွန်နေသည့်အလျောက် တစ်ဖက်သူအားသံသယလွန်ကဲနေသည့်စိတ်ထားများပေါက်ဖွားလာပါသော်လည်း ဤသည်မှာခန့်မှန်းချက်အလွတ်သာဖြစ်သည်။

မည်သည့်အထင်လွဲစရာကိစ္စအားဖန်တီးထားခြင်းမရှိပါသော်လည်း ခိုးယူပိုင်ဆိုင်ထားသည့်အရာဖြစ်သည့်အတွက်စိတ်အေးချမ်းခြင်းမရှိပါပဲ အချိန်မရွေးလက်ထဲမှကွယ်ပျောက်သွားနိုင်သည်ဟုသာ သံသယများတိုးဝင်လာသည်။

ဖြူသခင်ဆိုသည့်ဖြစ်တည်မှုအား အချိန်ကြာလာသည်နှင့်အမျှနေသားကျသွား၍များ ထိုသူအပေါ်ပိုင်ဆိုင်လိုသည့်လောဘစိတ်မှာအဆမတန် တိုးမြင့်လာသည်များလား။

မနက်ခင်းပန်းခြံမှပြန်ရောက်လာပြီးနေ့လည်ခင်းရောက်လာသည်အထိ သွီထံမှမည်သည့်အခြေအနေမှသတင်းထူးခြင်းမရှိသည့်အတွက် ဖြူသခင်နေမသာထိုင်မထိ ဖြစ်နေရသည်။အမှန်တကယ်ဆိုလျှင် စိတ်မအေးချမ်းသည့်သူ့အား လာရောက်အဖော်ပြုပေးသင့်သည်မဟုတ်လား။

""သခင်လေး နေ့လည်စာသုံးဆောင်ဖို့အချိန်ရောက်ပါပြီ""

ပွင့်ဖြူမှ လက်ထဲတွင်နေ့လည်စာသုံးဆောင်ရန်အစားသောက်ထည့်ထားသည့် ပန်းကန်ချပ်အားယူလာကာ ဖြူသခင်အနားတွင်ရှိသော စားပွဲခုံထက်တွင်ချထားလိုက်သည်။

""ဘာတွေချက်ထားတာလဲ""

""ကြက်သားကိုနူးနေအောင်လို့ပေါင်းထားတာပါသခင်လေး ခုမှချက်ပြီးခါစဆိုတော့ပူပူနွေးနွေးလေးနဲ့အရသာရှိမှာအမှန်ပါပဲ သခင်လေးသုံးဆောင်ကြည့်ပါလား""

အတွေးများစွာနှင့်ရင်ပြည့်ကြပ်နေသဖြင့်ဖြူသခင်အဖို့ နေ့လည်စာသုံးဆောင်ရန်ပင် အားပြတ်နေသူကဲ့သို့ခံစားရသည်။ ဇွန်းကိုင်ထားသော်လည်း အတွေးများသည်စိတ်နှင့်ကိုယ်ကပ်မနေသကဲ့သို့ ပြန့်လွင့်နေပုံရသည်။ဤသည်ကိုရိပ်မိသွားသည့်ပွင့်ဖြူမှ

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းDonde viven las historias. Descúbrelo ahora