အပိုင်း(၂၈)

43 4 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

အလင်းငယ်မှထွက်သွားပြီးသည်နှင့် မကြာလိုက်သည့်အချိန်တွင် အိမ်တော်သို့မြူရာရောက်ရှိလာသည်။အကြောင်းကြားခြင်းမရှိ၊ အသိပေးခြင်းမရှိသည့်ရောက်ချလာမှုကြောင့် ဖြူသခင်သည်ထိုစကားကြားကြားချင်း အပျော်လုံးစို့ကာမြူရာအား အိမ်တော်ဝင်ပေါက်ဝထိလာရောက်ကြိုဆိုလေသည်။မြူရာနှင့်တွေ့ရခက်မည်ကို စိုးရိမ်ခဲ့ပါသော်လည်း တော်ပါသေးသည်။ မြူရာမှဘေးမသီရန်မခပဲ သူ့ထံသို့ရောက်ရှိလာသောကြောင့်။

အိမ်တော်၏ဝင်ပေါက်နားတွင်ရပ်နေသည့်မြူရာသည် နဂိုရှိရင်းထက်ပိုပိန်ကျသွားသည်။ ပုံမှန်ဆိုလျှင်ဖြူသခင်နှင့်ခန္ဓာကိုယ်အရွယ်အစားချင်းတူညီပါသော်လည်း ယခုအခါတွင်မူ ဖြူသခင်ထက်အနည်းငယ်ပိန်သေးသွားသည်။ မိုးပြာရောင်ပိုးသားတီရှပ်အား ခဲရောင်ချည်ထည်ဘောင်းဘီအပွဖြင့်ဝတ်ဆင်ထားသော်လည်း မြူရာသည်အလွန်သေးငယ်လွန်းသည်။မတွေ့လိုက်ရသည့်ရက်များအတွင်း ဘယ်လောက်တောင်များ စိတ်ဖိစီးနေခဲ့မည်လဲ....

""မြူရာ""

ဖြူသခင်သည်မြူရာအားတွေ့သည်နှင့်တစ်ပြိုင်နက် ပွေ့ဖက်ထားလိုက်လေသည်။ပြီးမှသာ မြူရာခန္ဓာကိုယ်အစအဆုံးအားကြည့်ကာ

""မင်းပိန်သွားတာပဲ..ခိမ်းကမင်းကိုထမင်းမကျွေးဘူးလား ဘာလို့ဒီလောက်တောင်ပိန်သွားရတာလဲ..သူများလူကိုခေါ်သွားတယ်ဆိုရင်လဲသေသေချာချာဂရုစိုက်မှပေါ့ ဘယ်လိုလုပ်အခုလိုပုံစံဖြစ်အောင်နှိပ်စက်ထားတာလဲ""

""ကျွန်တော်အဆင်ပြေပါတယ်...""

အဆင်မပြေမှန်း ဖြူသခင်သိသည်။

""ဘယ်လောက်စိတ်ပူလိုက်ရလဲမင်းသိလား..ငါမင်းကိုအရမ်းစိတ်ပူနေတာ မင်းသာတစ်ခုခုဖြစ်သွားရင် ငါ့ကိုယ်ငါ တကယ်ခွင့်လွတ်နိုင်မှာမဟုတ်ဘူး မင်းကိုကာကွယ်ပေးသင့်တာကို ထပ်ခါထပ်ခါမင်းကိုပဲ ဒဏ်ရာရစေမိတယ် ""

""ကျွန်တော်ဘာမှမဖြစ်ပါဘူး

""ဒါနဲ့မင်းဘာယူလာတာလဲ""

တစ်ယောက်ထဲရောက်လာသည်မဟုတ်ပါပဲ လက်ထဲတွင်ခြင်းတောင်းတစ်ခုပါလာသောကြောင့် ဖြူသခင်မှမေးလာခြင်း။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းHikayelerin yaşadığı yer. Şimdi keşfedin