အပိုင်း(၃၄)ဇာတ်သိမ်းပိုင်း(၂)

185 3 0
                                    

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

တစ်နှစ်ခန့်ကြာပြီးနောက်

ကားလမ်းမဘေးနားအကျော်လေးတွင်ဖွင့်ထားသည့်ကော်ဖီဆိုင်လေးသည် လမ်းလေးခွအဆုံတွင်တည်ရှိနေသဖြင့် ဖွင့်ထားသည်မှာသုံးလသာရှိသေးပါသော်လည်း လာရောက်သောက်သုံးသူဖောက်သည်အများအပြားရရှိထားပြီဖြစ်သည်။ဆိုင်ပုံစံအားရိုးရှင်းစွာဖွဲ့စည်းထားပြီး တိတ်တိတ်ဆိတ်ဆိတ်သာနေချင်သူအဖို့အလွန်သင့်တော်သည့်ဆိုင်တစ်ဆိုင်လဲဖြစ်ရာ တစ်ဆင့်စကားတစ်ဆင့်နုတ်ဖျားမှနေ၍ ဆိုင်လေးမှာတစ်ဖြည်းဖြည်းနာမည်ရလာသည်။

မနက်၁၀နာရီဖွင့်ကာ ညနေ၆နာရီဆိုလျှင်ဆိုင်ပိတ်ချိန်ရောက်လာသဖြင့်ထိုအချိန်မှသာဆိုင်သိမ်းကာ လုပ်စရာရှိသည်ကိုဆက်လုပ်ရသည်။ တစ်နေ့တာဝင်ငွေအသုံးစရိတ်ကိုလည်းတွက်ချက်ရကာဆိုင်အဖို့လိုအပ်သမျှကိုလဲ စာရင်းပြင်ရသေးသည်။

ဆိုင်ဖွင့်ထားသည်မှာ၃လသာရှိသေးပါသော်လည်း အတော်ပင်ပန်းသည်ဟုခံစားရသည်။

၆နာရီဆိုသောအချိန်ရောက်လျှင် closedဟူသောဆိုင်းပုဒ်လေးအားချိတ်ဆွဲကာ ဆိုင်ပိတ်ချိန်ရောက်လာသဖြင့် ပစ္စည်းသိမ်းကာအနားယူရတော့မည်။

""အဲ့ဒီကားထပ်ရောက်လာပြန်ပြီ""

ကော်ဖီဆိုင်ပိုင်ရှင်လေးသည် ဆိုင်ပိတ်ရန်အဖို့ပစ္စည်းသိမ်းနေရင်း ဆိုင်အပြင်လမ်းလေးခွအဆုံ ဆိုင်နှင့်မိက်နှာချင်းဆိုင်တွင်ရပ်ထားသည့်အနက်ရောင်ဇိမ်ခံကားတစ်စီးအားမြင်သော် ထိုသို့ရေရွတ်မိသွားခြင်းဖြစ်သည်။

""ဘာဖြစ်လို့လဲ""

ထိုသို့မေးလာသူမှာ နောက်ထပ်သောဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်သည်။ ကော်ဖီဆိုင်သည် ဆိုင်ပိုင်ရှင်နှစ်ယောက်ရှိရာ အလုပ်ဝန်ထမ်းမငှားပါပဲနှစ်ယောက်ထဲသာ နိုင်သည့်အင်အားဖြင့်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။

""ဟိုမှာလေ ထပ်ရောက်လာပြန်ပြီ""

အပြင်တွင်မြင်နေရသည့်ကားအားလက်ညိုးထိုးပြလိုက်သည်။

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းWhere stories live. Discover now