အပိုင်း(၂၇)

62 3 0
                                        

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း

""မရဘူး""

သွီမှပြင်သစ်သို့သွားရန်ကိစ္စ ဖြူသခင်ကိုပြောပြသည့်အခါတွင် မျှော်လင့်ထားသည့်အတိုင်းပင် ဖြူသခင်မှလက်ခံခြင်းမရှိပါပဲ ငြင်းဆန်နေလေသည်။

""ကိုယ်ပြင်သစ်ကိုသွားမယ်ဆိုတာကDaeciကိုအိမ်ပြန်ပို့ဖို့တစ်ခုထဲပဲမဟုတ်ပါဘူး တခြားအကြောင်းရင်းတွေလဲရှိပါသေးတယ် ""

""ကိုမင်းသွီအက္ခရာ ခင်ဗျားမှာအကြောင်းပြချက်တွေများလှချည်လား""

ဖြူသခင်ထံမှ မထင်မှတ်မိထားသည့် အမည်နာမကြောင့် သွီမျက်ခုံးများ ညွတ်တက်သွားရသည်။ ကြည့်ရသည်မှာ ထိုကိစ္စသည်အတော်မလွယ်ကူမည့်ပုံပင်။

""ဘယ်လိုတောင်ခေါ်လိုက်တာလဲ ကိုယ့်ရင်ဘတ်တစ်ခုလုံးအောင့်တက်သွားတာပဲ""

""ဒါဆိုရင်မသွားနဲ့လေ""

""ကိုယ်လည်းဖြူသခင်ကိုနောက်တစ်ခါထားခဲ့ပြီးမသွားချင်ပါဘူး ဒါကြောင့်ကိုယ်စီစဉ်ထားပြီးသား""

ဖြူသခင်ထံမှဘာလဲဟူသည့်အကြည့်ဖြင့်

""ကိုယ်မင်းကိုပြင်သစ်ပါတစ်ခါထဲခေါ်သွားမယ်""

""ရူးနေလား မသွားပါဘူး""

""ဘာလို့လဲ ""

""မြူရာကြောင့်လေ မြူရာအခုဘယ်လိုဖြစ်နေမလဲဆိုတာတောင်ပြောမတက်ဘူး သူ့ကိုစိတ်ပူတယ် အကိုလေး ဒီကိစ္စကိုဘယ်လိုလုပ်ရမလဲ""

ဖြူသခင်သည် မြူရာဆိုသည့်ကောင်လေးအား လက်မလွတ်နိုင်ဖြစ်နေသည်ကိုကြည့်ကာ သူကိုယ်တိုင်လည်းစိတ်မသက်ရာဖြစ်ရသည်။

""ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကိုယ်စဉ်းစားထားပြီးသား ပြင်သစ်ကိုရောက်သွားရင် Mr.Throusနဲ့သွားဆွေးနွေးရမယ် သူတို့ဘက်ကကတိမတည်တဲ့အတွက် ဆုံးရှုံးမှုများစွာကိုပြန်ပိုင်ဆိုင်စေရမယ် အဲ့ဒီအခါကျရင် မြူရာက ဖြူသခင့်အနားကိုပြန်ရောက်လာမှာပါ""

""တကယ်လား""

""ဒါပေါ့ လာပါအုံး တစ်ပတ်တောင်ခွဲရမှာဆိုတော့ ပွေ့ဖက်ထားပါရစေအုံး""

နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်းDonde viven las historias. Descúbrelo ahora