နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
တစ်ပတ်ခန့်ကြာပြီးနောက်
ပြင်သစ်နိုင်ငံမှဖြူသခင်ပြန်ရောက်လာသည်မှာတစ်ပတ်ခန့်ကြာသည်အထိ မင်းသွီအက္ခရာသည် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခြင်းမရှိသေးပါ။
အိမ်တော်၏သခင်ကြီးပြောကြားချက်အရ သွီသည်လျို့ဝှက်သောအလုပ်တာဝန်အားထမ်းရွက်နေရသဖြင့် လုပ်ငန်းတာဝန်အသေးစိတ်အား ဖြူသခင်ထံပြောပြရန်ခက်ခဲနေသည့်အပြင် သွီပြန်ရောက်မလာရသည့်အကြောင်းရင်းအားမေးသည်နှင့် သခင်ကြီးမှအဖြေအားဟိုရှောင်သည်ရှောင် ပြုလုပ်နေသည်ကိုကြည့်ခြင်းအားဖြင့် သွီသည် ဖြူသခင်မသိရှိသေးသော အရာတစ်ခုခုအား ပြုလုပ်နေလိမ့်မည်ဟုဖြူသခင်အတွေးရှိသည်။
ဖခင်ဖြစ်သူ၏လက်နက်မှောင်ခိုရောင်းချနေသောလုပ်ငန်းအား သွီသိထားပါသလား။
အကယ်၍သိထားသည်ဆိုပါက သွီသည် အိမ်တော်၏အရိုက်အရာအားဆက်ခံရပေလိမ့်မည်။သည်ဆိုလျှင် လက်နက်မှောင်ခိုရောင်းချရေးလုပ်ငန်းသည် သွီလက်ထဲသို့ရောက်ရှိလာပြီး သွီသည်လက်နက်မှောင်ခိုရောင်းချသည့် ဥပဒေပြစ်မှုကျူးလွန်သူတစ်ဦးဖြစ်လာပေလိမ့်မည်။
ဖြူသခင်အဖို့သွီအား ဘယ်လိုနည်းနှင့်မှထိုသို့ လူတန်းစားအဖြစ်မခံနိုင်။
အချိန်ရလျှင် သွီအားထိုကိစ္စပြောပြကာသေချာတိုင်ပင်ရမည်။ သွီသည်လည်းဖခင်ဖြစ်သူ၏လုပ်ငန်းအားမသိသည်မှာမဖြစ်နိုင်ပါပဲ သိထားနှင့်ပြီးသားဖြစ်လိမ့်မည်ဟု ဖြူသခင်ယုံကြည်နေသည်။
မနက်အလင်းရောင်မှုန်ဝါးဝါးသာရကာ နေပင်ကောင်းစွာထွက်မလာသေးသည့်အချိန်တွင် ဖြူသခင်သည် အိမ်တော်အတွင်းရှိ ပန်းခြံရှိရာသို့ ခြေဦးတည့်ကာလမ်းလျှောက်ထွက်လာလေသည်။
အချိန်မှာ အလွန်စောနေသေးသဖြင့် ပွင့်ဖြူနှင့်ပွင့်စူးမှ အတူလိုက်ပါလာခြင်းမရှိပါပဲ ထိုအစား အလင်းငယ်ဆိုသည့်အစေခံမှ ဖြူသခင့်အနားတွင်ကပ်ပါလိုက်လာသည်။မနက်ခင်းပန်းခြံအနီးတွင်လမ်းလျှောက်ထွက်နေပါသော်လည်း အတွေးများလွန်နေပုံရသည့် ဖြူသခင်အားကြည့်ကာ အလင်းငယ်သည် ဖြူသခင့်အနားတွင်သာရပ်ကာ သခင်ဖြစ်သူအား အနီးကပ်အကဲခတ်နေလေသည်။
ESTÁS LEYENDO
နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
Romanceဖြူသခင်ဆိုသည့်ကောင်လေးငယ်သည် ××ခုနှစ်၊ဒီဇင်ဘာလ၄ရက်နေ့တွင်သေဆုံးခဲ့ရသည်။သူသေဆုံးချိန်ကသူ့အနားတွင်ထိုသူရှိမနေခဲ့။ ထိုသူမှအိမ်တော်သို့ပြန်ရောက်လာချိန်တွင် ဖြူသခင်၏သေဆုံးနေသည့်ကိုယ်ခန္ဓာမှာရေခဲတိုက်ထဲ သို့သိမ်းဆည်းထားနှင့်ပြီးဖြစ်သည်။ owncreation...နှင်...