နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
မနက်မိုးလင်းအခိုက်အတန့်သာရှိသေးသည်။
ဈေးတန်းတစ်လျှောက်တွင် ဝမ်းစာဖြေရှင်းရန်အဖို့ ကုန်သွယ်ပစ္စည်းများလာရောက်ရောင်းချ၊ဝယ်ယူနေကြသူများပင် အစုံအလင်မတွေ့ရသေး။ နေမင်းကြီးသည်လည်း အလှည့်ကျမရောက်သေးသဖြင့်ကောင်းကင်ထက်တွင် အလင်းရောင်ကောင်းမွန်စွာ ဖြာကျမလာသေး။မနက်ခင်းဆူညံသံများသည်တိတ်ဆိတ်ငြိမ်သက်နေ၍ တစ်စွန်းတစ်စသာကြားနေရသော ပတ်ဝန်းကျင်အစောပိုင်းအချိန်ဖြစ်သည်။
စိုးရိမ်စိတ်များပြည့်နက်နေသဖြင့် ညအချိန်စိတ်အေးချမ်းသက်သာရာ ရစွာအိပ်စက်အနားယူခြင်းမရှိပါပဲသောကစိတ်များသာပုံအောနေသည်။အတွေးများပြည့်ကြပ်လေ ပိုကာမွန်းနစ်လေဟုခံစားရသည်။
ချစ်သူရ၏မျက်နှာအားအရိပ်တကြည့်ကြည့်သာရှိနေသော သွီသည် ဖြူသခင်မှမပြောသော်လည်း ရတက်မအေးသည်ကိုသူခံစားမိပါသည်။ အနားတွင်ရှိသမျှအားလုံးကို သဝန်တိုရသည်အထိချစ်မြတ်နိုးပါသော်လည်း ချစ်ရသူမျက်နှာညိုးသည်ကိုမြင်လျှင် သူကိုယ်တိုင်လည်းစိတ်မချမ်းသာနိုင်။
ညလုံးပေါက်အိပ်စက်ခြင်းမရှိသည့်ဖြူသခင်အား စိတ်ချမ်းသာစေချင်သည့်အလို့ငှာ သွီသည်မနက်အစောပိုင်းကပင် မျိုးနွယ်စုအငယ်ထံသို့ သွားရန်ပြင်ဆင်လေသည်။ ဖြူသခင်သည်လည်း မြူရာအားစိုးရိမ်စိတ်ပူပန်နေစိတ်ကြောင့် သောကများနေသည်ကို ဖြေလျော့ပေးနိုင်ရန် အတူခေါ်လာလေသည်။
အချိန်အခါမနက်မိုးလင်းသည်မဟုတ်သေးသော်လည်း ရုတ်တရက်ပဟေဋ္ဌိဆန်ဆန်ရောက်လာသော မင်းသွီအက္ခရာကြောင့် အကြောင်းရင်းအားတွေးရခက်နေသူမှာ မျိုးနွယ်စုအငယ်၏သခင်ကြီးဖြစ်သည်။ အစေခံများအကြောင်းကြားမှုကြောင့်သာ အိပ်မောကျနေရာမှကမန်းကတန်းထကာ ရောက်လာသူဧည့်သည်အား ကြိုဆိုရပါသော်လည်း မည်သည့်ကိစ္စအဖို့ရောက်လာမှန်းနားမလည်မိသေး။
မျိုးနွယ်စုအငယ်၏သခင်ကြီးဖြစ်သူ ဦးဖွယ်သည် အိမ်တော်သို့ရောက်ရှိလာသည့်တူဖြစ်သူသွီအား လာရောက်ရသည့်အကြောင်းရင်းကိုမေးမြန်းရာ သွီ့မျက်နှာထက်တွင်တင်းမာမှုများပြည့်လျှံနေလျက် အံ့ဖွယ်ခိမ်းကိုသာတွေ့ချင်သည်ဆို၍ ဦးဖွယ်သည်လည်းအကြောင်းရင်းအားသေချာနားမလည်သောကြောင့် သားဖြစ်သူကိုသာ အခေါ်လွတ်လိုက်လေသည်။
YOU ARE READING
နှောင်ထုံးဖွဲ့ရာ ပြယ်လေသတည်း
Romanceဖြူသခင်ဆိုသည့်ကောင်လေးငယ်သည် ××ခုနှစ်၊ဒီဇင်ဘာလ၄ရက်နေ့တွင်သေဆုံးခဲ့ရသည်။သူသေဆုံးချိန်ကသူ့အနားတွင်ထိုသူရှိမနေခဲ့။ ထိုသူမှအိမ်တော်သို့ပြန်ရောက်လာချိန်တွင် ဖြူသခင်၏သေဆုံးနေသည့်ကိုယ်ခန္ဓာမှာရေခဲတိုက်ထဲ သို့သိမ်းဆည်းထားနှင့်ပြီးဖြစ်သည်။ owncreation...နှင်...