Part 2

1.6K 63 3
                                    

ထယ်ယောင်းတစ်ယောက်အိပ်ယာကနိုးလာတော့ ညနေခင်းရောက်နေပြီ။
လန်းသွားအောင်ရေချိုးပြီး အပြင်သွားဖို့ပြင်ဆင်ပြီးနောက် အခန်းထဲကထွက်လာတယ်။
Hotel ရဲ့ကားပါကင်ကိုရောက်တော့ သူ့လက်ထဲကပါလာတဲ့သော့လေးကိုနှိပ်လိုက်တော့ မီးလင်းလာတဲ့ မလှမ်းမကမ်းက အညိုရောင်အသစ်ဆက်ဆက် ကားလေး။
ဦးလေးဂိုက နေ့လယ်က ကားလာပေးသွားတာ။
Appa ကပြင်ပေးထားတာလို့ပဲပြောရမှာပေါ့။
အသစ်ဆက်ဆက်ကားလေးထဲကိုဝင်လိုက်ပြီး မောင်းထွက်လာခဲ့တယ်။
မြို့ပြင်ရောက်ဖို့အနည်းငယ်သာလိုတဲ့နေရာရောက်တော့ ရပ်လိုက်ပြီး ကားထဲကထွက်ကာတစ်နေရာဆီသို့ ဦးတည်လိုက်တယ်။ လက်ထဲကပန်းစည်းလေးကတော့ အဖော်ပေါ့။

"Omma သားရောက်ပြီနော် ဒီအတောအတွင်း သေချာရှိနေတယ်မလား
မတွေ့ရတာတောင်ကြာပြီ လွမ်းနေခဲ့တာ"

အုတ်ဂူလေးပေါ်မှာရှိနေတဲ့ နာမည်လေးနဲ့ ဓာတ်ပုံလေးကိုသူနှုတ်ဆက်လိုက်တယ်။

"Omma ဖို့ ကျွန်တော်ဝယ်လာတာလေ Omma သိပ်ကြိုက်တဲ့ Dahlia"

သူလည်းပြောပြီး သူ့ရဲ့လက်နှစ်ဖက်နဲ့တင်ပေးလိုက်တယ်။ ဒါပေမယ့် အဲ့အချိန်မှာလေပြင်းတစ်ချက်တိုက်ပြီး ထယ်ယောင်းခံစားလိုက်ရတယ်။ တစ်စုံတစ်ယောက်က ဝမ်းနည်းဒေါသထွက်ပြီး စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်။

"Aww ဒါလား"

သူ့ဘယ်ဘက်လက်ကောက်ဝတ်က အစဥ်းရာလေးတစ်ခုကိုကိုင်ပြီးမေးလိုက်တယ်။

"ကျွန်တော် ဘာမှမဖြစ်တော့ပါဘူး ဒဏ်ရာတောင် ကျက်သင့်သလောက်ကျက်နေပြီလေ ​ကျွန်တော်လည်း omma ဆီလာချင်စောနဲ့ နာရီပတ်ခဲ့ဖို့မေ့လာတာ"

"ပြီးတော့ စိတ်မကောင်းမဖြစ်ပါနဲ့ omma သားအခုလုံးဝအဆင်ပြေနေပြီ နောက်အဲ့လိုဘယ်တော့မှ ထပ်မလုပ်တော့ဘူးလို့လည်း omma ကိုကတိပေးပါတယ်နော်..."

ထိုအခါ တိုက်ခတ်သွားတဲ့လေပြေအေးလေး သိပ်ကိုအေးချမ်း​နေတာပဲ

"Omma သား ပေးထားတဲ့ ကတိကို အချိန်အကြာကြီး တည်ခဲ့တယ်နော်...

To Love You (Completed)Where stories live. Discover now