Part 21

1.3K 57 0
                                    

လေးယောက်သားထိုနေရာမှာပင်ကြောင်ကြည့်နေရာမှ ယွန်းဂီကနေမျက်လုံးပြူးကြောင်ကြည့်နေသော ဂျီမင့်ကိုအလိုက်တသိဖြင့်ခေါ်သည်။

"Sorry ပါ ဂျောင်ကုရယ် ငါတို့ကမင်းတို့ဆီမနက်ဖြန်အစီအစဥ်လာပြောတာ တကယ်မသိခဲ့လို့တောင်းပန်ပါတယ် ငါတို့သွားမယ်နော် မင်းတို့ဘာသာမင်းတို့လုပ်စရာရှိတာဆက်လုပ် ဘာမှမဖြစ်ဘူးနော် မမြင်ခဲ့သလိုသဘောထားလိုက်ပါ့မယ်
လာ Minnie ကိုယ်တို့အနှောင့်အယှက်ပေးသလိုဖြစ်သွားပြီ"

ယွန်းဂီကသူထင်ရာတွေကိုတရစပ်ပြောနေသည်။ ထိုအချိန်ကျမှဂျောင်ကုတို့နှစ်ယောက်လည်းသတိပြန်ကပ်ပြီး

Th-မဟုတ်ဘူး ယွန်းဂီဟျောင်းန် အထင်မလွဲပါနဲ့ ကျွန်တော်ချော်လဲလို့သူကထူပေးတာပါ ဟုတ်တယ်နော် ဂျောင်ကု

Jk-ဟင် အင် အင်း ဟုတ်တယ် ကျွန်တော်ကသူလမ်းမလျှောက်နိုင်လို့ချီပြီးပို့ပေးတာ အဟမ်း တစ်မျိုးမထင်ကြပါနဲ့

Yg-မင်းတို့ကလည်း ငါနားလည်ပါတယ် ဒါရှက်စရာမှမဟုတ်တာ မင်းတို့ကတရားဝင်လက်ထက်ထားကြတာလေ ဒါမျိုးလေးတွေကရှိတတ်ပါတယ် ဆက်လုပ် အဲလေ ဆက်ပြီးလုပ်စရာရှိတာလုပ်ပါလို့ ငါတို့လည်းမနက်ဖြန်ငါတို့ဘာသာကြည့်ကြပ်စီစဥ်လိုက်မယ်နော် အဟမ်း Minnie ရေ ကိုယ်တို့သွားကြရအောင်လေ

ဂျီမင်ကတော့ထိုနေရာကမရွေ့ပဲ ထယ်ယောင်းနဲ့ဂျောင်ကုကိုပြုံးပြုံးကြီးဖြင့်ကြည့်နေတယ်။ သူ့ပုံက ငါိသိနေတယ် ဆိုတဲ့ပုံစံကြီးနဲ့ပင်။

ဘာမှပြန်မပြောပဲပြုံးပြုံးကြီးသူများလင်လင်ကိုရပ်ကြည့်နေတဲ့ဂျီမင့်ကိုယွန်းဂီပွေ့ချီလာကာအခန်းအပြင်အမြန်ပြေးထွက်လာခဲ့သည်။ သူများအတွဲတွေသာယာနေတာမဖျက်ရဘူးတဲ့လေ ကိုယ့်အလှည့်ကျလည်းဝဋ်လည်တတ်တယ်တဲ့။ ဒါမျိုးကိုမင်ယွန်းဂီတို့ကဘယ်တော့မှအဖြစ်ခံမှာမဟုတ်။ ဂျီမင့်ကိုစားဖို့အရေး မင်ယွန်းဂီအရေးပင်။ အမြဲကြက်ပေါက်လေးကို စားဖို့ချောင်းနေတဲ့ကြောင်ကြီးပင်။

သူတို့အခန်းထဲရောက်တာတောင်ပြုံးပြုံးကြီးဖြစ်နေတဲ့ဂျီမင့်ကိုယွန်းဂီမှနှုတ်ခမ်းသို့နမ်းလိုက်သည်။

To Love You (Completed)Where stories live. Discover now