ဂျောင်ကုတို့သူငယ်ချင်းသုံးယောက်သားသူတို့ဆုံနေကြ club တစ်ခုမှ Dance floor နဲ့အဝေးတစ်နေရာတွင်ထိုင်ကာသောက်နေကြသည်။
Ew-ဟျောင့် ဂျောင်ကု မင်းငါတို့ကိုခေါ်တာပြောစရာရှိလို့ဆိုဘာပြောမလို့လဲ
အွန်ဝူးကစကားစတော့ဂျယ်ဟွန်းလည်းနားထောင်နေလိုက်သည်။
"မင်းတို့ကိုငါမေးစရာရှိလို့"
Jh-ဘာများအရေးကြီးလို့ဒီထိအစည်းအဝေးခေါ်ရတာလဲ
"ဒီလိုကွာ ငါ့သူငယ်ချင်းကပြောတယ် သူလူတစ်ယောက်နဲ့တွေ့ရင်ဖြစ်ဖြစ် အဲ့လူနဲ့မျက်လုံးချင်းဆုံရင်ဖြစ်ဖြစ်သူရင်တွေတုန်နေတယ်တဲ့... အဲ့တာဘာဖြစ်လို့လဲဆိုပြီးငါ့ကိုလာမေးလို့"
ဂျောင်ကုစကားဆုံးဆုံးခြင်းအွန်ဝူးကသူ့(Jk)ခေါင်းကိုပိတ်ရိုက်လိုက်သည်။
"အာ့ ယီးလို့လာရိုက်နေတာလား မေဘေးရ"
Ew-အေး ရိုက်သင့်လို့ရိုက်တာ မင်းရဲ့ဉာဏ်မရှိတဲ့ဦးနှောက်ကိုလေးစားလွန်းလို့ရိုက်တာ
အွန်ဝူးစကားဆုံးတော့ဂျယ်ဟွန်းကပါဂျောင်ကုခေါင်းကိုရိုက်လာသည်။
"အာ့! မင်းတို့ကောင်တွေငါ့ကိုဘာလို့လာရိုက်နေကြတာလဲကွ..."
Jh-မင်းကပိန်းဥဖြစ်နေလို့ဟေ့... မှန်မှန်ပြောစမ်း မင်းညညဆိုကိုရီးယား Drama တွေကြည့်နေတာမလား
"ဟမ်? ဘာကိုဆိုလိုတာလဲ"
Ew-နလပိန်းတုန်း မင်းအခုသုံးနေတာ Drama တွေထဲကအကွက်တွေလို့ပြောတာကွ
Jh-မင်းမှာသူငယ်ချင်းက ငါ အွန်ဝူး ဂျီမင်ဟျောင်း ယွန်းဂီဟျောင်းရယ်ကလွဲဘယ်သူရှိသေးလို့လဲ
"ဟာ မင်းတို့ကလည်းရှိပါတယ်နော် မင်းတို့မသိသေးလို့ပါ"
Ew-ဟုတ်ပါပြီ မောင်မင်းကြီးသားရယ် အခုမင်းရင်ခုန်နေတာဘယ်သူတုန်း
"ငါ မဟုတ်ပါဘူးဆို ငါ့သူငယ်ချင်းလို့"
Jh-ဟုတ်ပါပြီ ဆက်ပြော🙂
"သူကအဲ့ကောင်လေး အယ်... ဆောတီး သူကအဲ့ကောင်မလေးနဲ့တွေ့ရင်မျက်နှာချင်းမဆိုင်ရဲဘူးတဲ့ မျက်လုံးချင်းဆုံရင်ပိုဆိုးတယ်ကွာ ရင်ထဲတဒုတ်ဒုတ်နဲ့... တဲ့"
YOU ARE READING
To Love You (Completed)