Part 34

1.4K 48 2
                                    

"ခင်ဗျား ဘယ်သူလဲ"

'အိုးဟိုး လောလှချည်လား ဖြေးဖြေးပေါ့ ငါကမင်းနဲ့စာရင်းရှင်းစရာလေးရှိနေလို့ပါ Play boy ကြီးရယ်'

"ခင်ဗျားဘယ်သူလဲဆိုတာမသိပေမယ့် ကျုပ်ရဲ့ယောက်ျားနဲ့ဘာမှမဆိုင်လို့သူ့ကိုလက်ဖျားနဲ့တောင်မထိပါနဲ့"

'ငါသူ့ကိုဘာမှမလုပ်ရသေးပါဘူး ဂျွန်ဂျောင်ကုရဲ့... ငါကမင်းနဲ့စာရင်းရှင်းစရာရှိလို့သူ့ကိုဓားစာခံအဖြစ်ခဏအသုံးချထားရုံလေးပါ ဒါပေမယ့်...'

"ဘာဖြစ်လဲ ဆက်ပြော..."

'မင်းငါ့ကိုလာတွေ့ရမယ် ဘယ်သူ့ကိုမှခေါ်လာခဲ့လို့မရဘူး ရဲကိုလည်းအကြောင်းကြားဖို့စိတ်မကူးနဲ့ မဟုတ်ရင် မင်းယောက်ျားကိုငါတစ်ခုခုလုပ်ပစ်မယ်'

"Hyung ကိုမထိနဲ့! ခင်ဗျားဘယ်သူလဲတော့ကျုပ်မသိဘူး ဒါပေမယ့် ကျုပ်ချစ်ရသူတစ်ခုခုဖြစ်သွားရင် ကျုပ်ကိုယ်တိုင်သတ်ပစ်မှာ!"

'အေးဆေးပေါ့ play boy ကြီးရယ် ငါမင်းကိုလိပ်စာပို့လိုက်မယ် တစ်ယောက်တည်းလာခဲ့ပါ အော် ပြီးတော့ မင်းရဲ့အမျိုးသားကအရမ်းကိုလှတာနော် အဲ့တာကြောင့်မင်းလိုသူများခံစားချက်ကိုအလေးမထားတတ်တဲ့ play boy ကြီးကအချစ်မှာနစ်မြောသွားတာဖြစ်မယ်'

"ခင်ဗျား!!"

'Bye... See you soon အလှလေးရဲ့အမျိုးသား ဟားးး'

ထိုလူကထိုသို့ရယ်ကာဖုန်းကိုချပစ်လိုက်သည်။

"တောက်ခ်!!"

ကျယ်လောင်စွာထွက်ပေါ်လာသောဂျောင်ကု့ဆီမှအသံ။

ထို့နောက်သူ့ဖုန်းထဲသို့ Message ဝင်လာလို့ကြည့်လိုက်တော့ Busan မှာဖြစ်သည်။ သူလည်းချက်ချင်းလိုက်သွားဖို့ပြင်သည်။

Jm-Jungkook ဘာဖြစ်တာတုန်း

"Hyung တစ်ခုခုဖြစ်နေတာသေချာတယ် ငါလိုက်သွားမှဖြစ်မယ်"

Ew-မင်းတစ်ယောက်တည်းလား ငါတို့ရောလိုက်ခဲ့မယ်လေ"

"ရတယ် ငါတစ်ယောက်တည်းသွားမှဖြစ်မယ် ပြီးတော့မင်းတို့လုံးဝရဲကိုအကြောင်းမကြားပါနဲ့ Busan ကိုတော့မင်းတို့ရောလိုက်ခဲ့မှဖြစ်မယ် ဒါပေမယ့် အဲ့ဘက်ကကောင်ကိုတော့ငါဘာ့သာသွားတွေ့မယ် မင်းတို့ကအဝေးကနေအခြေအနေကြည့်ပေး အခွင့်သာရင် Hyung ကိုငါပြေးခိုင်းမှာမို့အဲ့အချိန်မင်းတို့က Hyung ကိုခေါ်ပြီး​ဝေးရာကိုသွား ပြီးရင်ရဲကိုအဲ့အချိန်မှအကြောင်းကြား အခုတော့မဖြစ်သေးဘူး"

To Love You (Completed)Where stories live. Discover now