Part 19

1.1K 49 0
                                    

ဂျောင်ကုနဲ့ထယ်ယောင်းမှာထိုနေ့ကကိစ္စပြီးကတည်းကမျက်နှာချင်းမဆိုင်ကြပေ။ တစ်ယောက်နဲ့တစ်ယောက်မမြင်အောင်ရှောင်နေကြသည်။

ထိုသို့ဖြင့်ရက်ပေါင်းကြာပြီးနောက်သူတို့ရဲ့ Honeymoon ခရီးတောင်ထွက်ကြရတော့မည့်အချိန်ရောက်သာသည်။ အတန်းကိုတော့သုံးယောက်လုံးတစ်ပတ်လောက်ပျက်ထားရမည်ဖြစ်သည်။

အခုလည်းအတန်းတစ်ဖျက်ပြီးလို့နေ့လည်စာချိန်ရောက်၍ဂျီမင်နဲ့ထယ်ယောင်းအပြင် ဂျယ်ယူပါနေ့လယ်စာအတူထိုင်စားနေကြသည်။

Jm-ဂျယ်ယူရေမင်းကိုငါတို့ပြောရဦးမယ်

Jy-ဟုတ် Jimin Hyung ဘာပြောမှာလဲဟင်

Jm-အော် ဘာမှတော့မဟုတ်ပါဘူး ငါတို့နောက်တစ်ပတ်ကျရင်ကျောင်းပျက်မယ်လို့ အဲ့တာမင်းတစ်ယောက်တည်းမစားရအောင်အဖော်တစ်ပတ်လောက်ရှာထားလို့ပြောမလို့

Jy-ငါတို့ဆိုတော့ Taehyung Hyung ရောပါတာလား

"အင်း"

Jy-ရုတ်တရက်ကြီး ဘာလုပ်စရာရှိလို့လဲ

Jm-ငါက ငါ့ရဲ့ Hyung နဲ့ Honeymoon ထွက်မလို့ သူကတော့.... ငါတို့နဲ့အဖော်

Jy-Taehyung Hyung ကတစ်ယောက်တည်းဆိုတော့ပျင်းစရာကောင်းနေမှာပေါ့...

Jm-သူတစ်ယောက်တည်းမဟုတ်ပါဘူး သူ့ယောက်.......

"Jimin!"

Jm-အာ ဆောတီး ငါပြောတာက ငါ့ Hyung ရဲ့ညီဝမ်းကွဲလည်းပါတယ်လို့ပြောတာ

Jy-အော် ဒါဆိုတစ်ယောက်တည်းတစ်ပတ်လုံးလုံးထမင်းစားရတော့မှာပေါ့

"အဲ့တာကြောင့်မို့အဖော်ရှာခိုင်းထားတာပေါ့"

Jy-Hyung နဲ့မှမဟုတ်ရင်ဘယ်သူနဲ့မှမစားချင်ပါဘူး

"ဟမ်..."

Jy-အာ့ဆိုလည်းပျော်စရာခရီးလေးဖြစ်ပါစေ Hyung တို့ ကျွန်တော်ကတော့သွားတော့မယ် ဝပြီ

ထိုသို့ပြောပြီးထထွက်သွားသည့် ဂျယ်ယူနှင့် ကျန်ခဲ့သည့် ထယ်ယောင်းမှာတော့ကြောင်တောင်တောင်။

"ဂျီမင် သူကပုံမှန်ဆိုနောက်ဆုံးမှထပြီးငါတို့ကိုလိုက်ပို့ပေးပြီးမှပြန်တာပါ အခုဘယ်လိုဖြစ်သွားတာလဲ"

To Love You (Completed)Where stories live. Discover now