Part 12

1.2K 58 0
                                    

ကားတစ်စီးထဲတွင်တူတူထိုင်နေသောကောင်လေးနှစ်ယောက်။ အခြေအနေမှာတိတ်ဆိတ်နေသည်။ လက်ထပ်ပြီးသားဖြစ်နေတာတောင်သူတို့ကသူစိမ်းတွေလိုသာပင်။

ထိုကားလေးကထယ်ယောင်းတို့လင်လင်နှစ်ယောက်အိမ်မှစတင်ထွက်ခွာလာခဲ့ပြီဖြစ်သည်။ ဒီနေ့ဟာဆိုရင်ဖြင့် ကျောင်းပိတ်ရက်ဖြစ်သည့်အတွက်ကြောင့် လက်ထပ်ပြီးနှစ်ပတ်ကြာပြီဖြစ်၍ ဂျောင်ကု၏မိဘများကနှစ်ပတ်တစ်ခါအလည်လာရန်ပြောထားတာကြောင့်နှစ်ယောက်သားကားတစ်စီးနဲ့အတူဖြစ်နေလေသည်။ ဂျောင်ကုရဲ့ကားဖြစ်ပြီးသူကိုယ်တိုင်မောင်းလေသည်။ ထိုကိစ္စနဲ့ပတ်သတ်ပြီးမထွက်ခင်အချင်းများခဲ့ကြရသေးသည်။ ထိုသည်မှာ

"ငါ့ကားနဲ့သွားမယ် ဂျွန်ဂျောင်ကု"

"ဟင့်အင်း အားနာပေမယ့်သူများကားနဲ့ဆိုကျွန်တော်ကအားမရဘူး"

"အားမရလည်းအားရလိုက်ကွာ ငါမောင်းမှာလေ မင်းကထိုင်လိုက်ရုံပဲကို"

"No No, I'm sorry but I can't"

*Ahshi*

စိတ်ထဲမှာတော့ထယ်ယောင်းမကျေနပ်ပါ။
ဂျောင်ကုမှာလည်း

*ငါ့ကိုများသူကအထက်ပုဂ္ဂိုလ်စတိုင်လ်လာလုပ်နေ ဟွန့် အားနာပေမယ့် No ပါ ဘာလို့ဆို ကျွန်တော်ကပဲအထက်ကမို့ပါ ထယ်ယောင်းရှီ*

ထယ်ယောင်းကတော့ရှည်ရှည်ဝေးဝေးတွေလျှောက်မတွေးပေမယ့် ဂျောင်ကုကတော့အလင်းပျောက်နေလေရဲ့။

"ငါလည်းအားမရဘူး"

"ဘာလို့အားမရရတာလဲ ခင်ဗျား ကျွန်တော်တို့မင်္ဂလာပွဲပြီးတော့ ကျွန်တော့်ကားနဲ့လိုက်လာတာလေ"

ထိုသို့ပြောပြီးခဏအကြာနှစ်ယောက်လုံးတိတ်သွားကြသည်။ သူတို့ကြားချက်ချင်းအနေခက်စေသည့်လေပြေတိုက်သွားသယောင်။

"မသိဘူးကွာ ငါ့ကားနဲ့သွားမယ်"

"ခင်ဗျားကားကစတိုင်လ်မှမကျတာ သာမန်ပဲကို ကျွန်တော့်ကားကမှသာမန်နဲ့မတူပဲ အနက်ရောင် colour နဲ့ပြိုင်ကားနော်"

*ဒီကောင်ဒါကြောင့်ကိုး တော်တော်ဂျီးများတာပဲ*

"မရဘူးကွာ"

To Love You (Completed)Where stories live. Discover now