လက်ထပ်ပြီးတာတစ်လရှိတော့ပေမည်။ ဂျောင်ကုတို့ရဲ့အိမ်ထောင်ရေးဟာဆိုလျှင်လည်း ထိုနေ့က Mrs Jeon တို့ဆီသွားလည်ပြီးပြန်လာကတည်းက ဒုံရင်းကဒုံရင်းတိတ်ဆိတ်လျက်သာ။
သူလည်းသူလုပ်ချင်ရာလုပ် ကိုယ်လည်းကိုယ်လုပ်ချင်ရာလုပ်ဖြင့်အိမ်ဟာခြောက်ကပ်စွာ။ အဒေါ်ကြီးယူဟာလည်း သူ့အလုပ်သူပြီးတာနှင့်နေ့လယ်ပြီးလျှင်နေ့လယ် ညနေပြီးလျှင်ညနေပြန်ရသည်။
အဒေါ်ကြီးယူဟာသူတို့နှစ်ယောက်အတွက်ညစာပါတစ်ခါတည်းပြင်ပေးခဲ့ခြင်းဖြစ်သည်။ အဒေါ်ကြီးယူမှအလုပ်စောပြီးသည့်အချိန်ဆိုသူတို့အိမ်ဟာလူမနေသည့်အိမ်ကဲ့သို့။ ဂျောင်ကုဟာလည်းသူ့ဘာသာသူနေပြီး နေ့လည် တစ်ခါတစ်လေ ညနေ ည ကျမှသာပြန်လာသည်။ ထယ်ယောင်းကတော့ညနေ မရောက်ခင်လောက်မှာပြန်လာသည်။ ထယ်ယောင်းဟာ ဂျီမင်နဲ့အတူ study caf မှာစာကြည့်ပြီးနောက်အချိန်ပိုင်းအလုပ်လုပ်ပြီးမှအိမ်ပြန်တာဖြစ်သည်။ ဂျောင်ကုကတော့ထိုသို့မဟုတ်။ စာမကြည့်ပေ သူဟာစာမေးပွဲနီးမှသာကြည့်သည်။ သူရော သူ့သူငယ်ချင်းတွေရောဟာထိုသို့ပင်ဖြစ်ကြသည်။ သူတို့အတွက် အတန်းတက်လျှင်ကိုနားလည်ပြီးသားဖြစ်သဖြင့်စာပြန်မကြည့်ကြ။ ပျင်းတာလည်းပါပါလိမ့်မည်။ထယ်ယောင်းနဲ့ဂျောင်ကုဆိုသည်မှာလည်းတစ်နေ့မှာတစ်ခါသာအများဆုံးဆုံကြသည်။ တစ်အိမ်ထဲနေပြီးတစ်ယောက်မျက်နှာတစ်ယောက်တောင်မတွေ့ကြ။ တစ်ခါတစ်လေဆို မျက်နှာချင်းဆိုင်မပြောနဲ့အရိပ်အယောင်တောင်မတွေ့ကြသည်အထိသူတို့အိမ်ထောင်ရေးဟာအသက်မဲ့နေလေသည်။ သူတို့ကျောင်းကစာသင်ချိန်တွေမှာတော့ ဂျောင်ကုရော ထယ်ယောင်းရောက အမြဲအတန်းချိန်ပုံမှန်တက်တဲ့အတွက် မြင်ကြတယ်ဆိုယုံလေးသာရှိကြသည်။
ထိုအခြေအနေဟာသူတို့နှစ်ယောက်လုံးအတွက်ထူးခြားမနေပါ။
ဒီနေ့လည်းတခြားနေ့တွေလိုပုံမှန်ဖြတ်သန်းဖို့ရာထယ်ယောင်းရော ဂျောင်ကုရော ကိုယ်စီအိမ်မှထွက်ခွာလာခဲ့ကြလေပြီ။ကျောင်းရောက်တော့ထယ်ယောင်းဟာ ဂျီမင့်ကိုစောင့်ပြီးသူတို့အတူအတန်းထဲကိုတန်းဝင်တော့သည်။
နှစ်ယောက်သားတော်တော်လေးပင်ရင်းနှီးလာပြီဟုဆိုရမည်။
ထို့နောက်အတန်းထဲဝင်ပြီးစကားအချို့ပြောနေကြသည်။
YOU ARE READING
To Love You (Completed)