ထယ်ယောင်းအတန်းမတက်တော့ ဂျီမင့်မှာတစ်ယောက်တည်းအဖော်မဲ့နေလေသည်။
အတန်းထဲကိုစိတ်မပါတစ်ပါဖြင့်ဝင်လာတော့တွေ့လိုက်ရပါပြီ အုန်းသီးခေါင်း။ အတန်းထဲကကောင်မလေးတစ်ချို့နဲ့ flirt နေသည်။ ဒါကိုဂျီမင်ကမြင်၍ သူတို့အနားသွားလိုက်ကာ
"ဂျောင်အုန်းသီး ငါပြောစရာရှိလို့မင်းငါနဲ့ခဏလိုက်ခဲ့"
ထိုသို့ပြောပြီးရှေ့ကထွက်သွားသောဂျီမင်။ ဂျောင်ကုလည်းသူ့နောက်ကနေလိုက်သွားလေသည်။
အပြင်သို့ရောက်တော့ လူရှင်းသည့်နေရာ၌ ဂျီမင်စကားစလေသည်။
"ဂျောင်ကု မင်းတို့အိမ်ထောင်ရေးကခြောက်သွေ့နေတာငါသိတယ် ဒါပေမယ့် မင်းတို့နှစ်ယောက်ကြိုးစားယူလို့ရတယ်လေကွာ"
"မင်းကဘာကိုပြောချင်တာလဲ ဂျီမင်"
"ငါသူများအိမ်ထောင်ရေးကိုဝင်ဖက်စွက်တာမဟုတ်ဘူး ဒါပေမယ့် မင်းအဲ့လိုကောင်မလေးတွေနဲ့ကျီစယ်နေတာကတော့မြင်လို့မကောင်းဘူး"
"........"
"သူတို့ကမင်းလက်ထပ်ပြီးသွားတာမသိတာကထား ဒါပေမယ့်မင်းအရင်လိုတွေဆက်မလုပ်နဲ့တော့လေ မင်းထုတ်မပြောတောင် မင်းတို့လက်ထပ်လက်စွပ်လေးပဲဝတ်ရင်ဝတ်ထားပါကွာ လူတွေမေးလာတာကိုမသိချင်ယောင်ဆောင်ပြီး မင်းကဒီအတိုင်းပိုင်ရှင်ရှိတယ်ဆိုတာလေးပဲပြထားသလိုပေါ့"
"ငါ့မှာပိုင်ရှင်ရှိတယ် ဟုတ်လား ဟင့်အင်း ငါလက်ထပ်ပြီးအိမ်ထောင်ပြုလိုက်ရုံနဲ့ငါ့ကိုပိုင်တယ်လို့သတ်မှတ်လို့ရမှာမဟုတ်ဘူး"
"ဒါပေမယ့် မင်းတို့ကတရားဥပဒေအရသက်ဆိုင်သူတွေပဲလေ"
"ငါတို့ကအစကတည်းက ကိုယ့်ဘဝနဲ့ကိုယ်နေကြဖို့ပြောပြီးသားလေ သူလည်းလက်ခံခဲ့တာပဲ မဟုတ်ဘူး သူအရင်တောင်းဆိုခဲ့တာ"
"ငါနားလည်ပါတယ် ဒါပေမယ့်မင်းကိုအရင်လိုမရှုပ်စေချင်တော့တာပါ ဦးလေးနဲ့ဒေါ်လေးသိရင်မကောင်းဘူး ထယ်ယောင်းအဖေတို့အတွက်လည်းမကောင်းဘူး မင်းတို့ကနာမည်ကြီးလုပ်ငန်းကြီးကလူတွေနော်"
YOU ARE READING
To Love You (Completed)