Part 7

1.3K 58 1
                                    

ထယ်ယောင်းအဝတ်အစားလဲပြင်ဆင်ပြီး သူ့အဖေဆီသွားဖို့ပြင်နေသည်။ ဒီနေ့ဟာနှစ်ဖက်မိဘမိတ်ဆုံစားပွဲ ဖြစ်ပြီး မင်္ဂလာပွဲအတွက်လိုအပ်တာတွေနဲ့ပြင်ဆင်စရာရှိတာပြင်ဆင်မယ့်ပွဲဖြစ်သည်။

"Omma သား omma ရဲ့ဆန္ဒလေးကို
ဖြည့်ဆည်းပေးဖို့လုပ်နေပြီ သားကလိမ္မာတယ်မဟုတ်လား..."

သူ့ရဲ့စားပွဲပေါ်က omma ရဲ့ဘောင်ခတ်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ပြီးပြောလိုက်တယ်။

ထို့နောက် သပ်သပ်ရပ်ရပ်ပြင်ပြီး condo ကနေထွက်လာခဲ့လိုက်သည်။
ခြံရှေ့အရောက်ကားရပ်လိုက်ပြီးဟွန်တီးလိုက်တော့ ခြံစောင့်ဟာတံခါးလာဖွင့်ပေးတယ်။
အိမ်ထဲရောက်တော့ Appa က

"သားရောက်လာပြီလား appa လည်းပြီးပြီ သွားရအောင်လေ တစ်ခါတည်း appa ကားနဲ့ပဲတူတူသွားရအောင်"

"Nae"

ထို့နောက်နှစ်ယောက်သား Mr Kim ရဲ့ဒရိုက်ဘာမောင်းပေးတဲ့ကားနဲ့တူတူထွက်လာခဲ့ကြတယ်...

.
.
.
.
.

မိနစ်ပိုင်းကြာအောင်မောင်းပြီးနောက် ခြံကြီးတစ်ခြံရှေ့မှာရပ်လိုက်တယ်။
အထဲကအစောင့်တစ်ယောက်ကအလိုက်တသိတခါးလာဖွင့်ပေးလေ၏။

နောက်တော့ အိမ်ထဲကထွက်လာကြတဲ့လင်မယားနှစ်ယောက်

"Mr Kim တို့တောင်ရောက်လာကြပြီပဲ လာပါဗျာ ကြိုဆိုပါတယ် ခမည်းခမက်လောင်းကြီး"

အမျိုးသားကြီးကထိုသို့စနောက်လေတော့ မဆီမဆိုင် ထယ်ယောင်းခမျာမျက်နှာပူလာရတော့တယ်။

Mr Kim-အေးကွာ ငါတို့လာတာနောက်ကျသွားလား လမ်းမှာကားနဲနဲပိတ်နေလို့

Mrs Jeon-အမလေး မကျပါဘူးတော် အကိုက်ပါပဲ ကျွန်မတို့လည်းခုနကမှပြင်ဆင်ပြီးတာပါ

Mr Kim-မကျရင်လည်းပြီးပါရောဗျာ.. အာ ဒါနဲ့ ဒါငါ့သားလေ မင်းတို့လင်မယားမှတ်မိသေးလား ငယ်ငယ်တုန်းကမင်းတို့ထိန်းပေးခဲ့တာလေ

Mrs Jeon-Aigoo ထယ်လေးလား မှတ်တောင်မမှတ်မိတော့ဘူး အရမ်းချောလာပြီး အရမ်းလည်းလှလာတယ် အန်တီ့ကိုမှတ်မိသေးလား ထယ်လေး

To Love You (Completed)Where stories live. Discover now