Part 24

1.1K 49 1
                                    

"Yar!! 개새기 Moon Yeong Su"

ထိုအသံကြောင့် ထယ်ယောင်းရောထိုကောင်ပါလှည့်ကြည့်မိတော့သည်။

"ဂျောင်ကု..."

ထယ်ယောင်းရဲ့တုန်နေတဲ့အသံလေးကိုဂျောင်ကုကြားလိုက်ရတော့ပိုလို့တောင်ဒေါသထွက်သွားရသည်။

"အော ဘယ်သူများလဲလို့ ငါ့ရဲ့ရန်သူတော်ကြီးပဲ ဘာလာလုပ်တာလဲ ဟမ် သူများသာယာတော့မယ့်အချိန်ကိုမဖျက်ဆီးရဘူးဆိုတာမင်းမိဘတွေကသင်မပေးလိုက်ဘူးလား ဟမ်"

ယောင်းဆူကထိုသို့ခနဲ့လာသည်။ ထယ်ယောင်းကိုတော့လက်ကမလွှတ်သေး။

"ငါ့မိဘတွေကသူများသာယာမှာကိုမဖျက်ဆီးရဘူးလို့တော့မသင်ပေးလိုက်ဘူး ဒါပေမယ့် သူများသားသမီးကိုမဖျက်ဆီးရဘူးဆိုတဲ့အဓိကအချက်ကိုတော့သင်ပေးလိုက်တယ်"

"ဘာ! မင်းကများ!!"

"ဘာလဲ မှန်တာပြောတော့နာသွားတာလား  မင်းကမိဘသာရှိတာ မိဘမဲ့သာသာပါပဲလား ဘာလဲမင်းမိဘတွေကမင်းကိုဂရုတောင်မစိုက်ကြဘူးလား မဆုံးမလိုက်ကြဘူးထင်ပါရဲ့"

"Jeon Jung Kook!! မင်းတော်လိုက်ရင်ကောင်းမယ်နော်!"

"အဟက်! အမှန်တရားကနဲနဲတော့ခါးတယ်မလား... ငါပြောတာနားထောင်... မင်းကပိုက်ဆံရှိတိုင်းလုပ်ချင်တာလုပ်လို့ရတယ်လို့ထင်နေတဲ့ကောင်ပဲ... မင်းကမိဘရှိပေမယ့် မိဘမဲ့တွေလောက်ကိုလူစိတ်မရှိဘူး ရွံစရာသာသာပဲ... သိပြီလား"

"မင်းကို ငါတော်တော့လို့ပြောနေတယ်နော်!!!"

မွန်ယောင်းဆူကဒေါသကြီးကြီးနဲ့ထယ်ယောင်းကိုလွှတ်လိုက်ပြီးဂျောင်ကုနားသို့ရောက်လာကာဂျောင်ကုကိုထိုးလိုက်သည်။ အရှိန်ပြင်းလွန်းတဲ့လက်သီးကြောင့်ဂျောင်ကုမှာမြေပြင်ပေါ်သို့လဲကျသွားရသည်။ယောင်းဆူကချက်ချင်းပဲ ဂျောင်ကုကိုခွကာထိုးသည်။ ဂျောင်ကုကလည်းအားကောင်းသူမို့ပြန်လှန်ထုတ်ကာယောင်းဆူပေါ်ခွ၍ဆက်ထိုးသည်။

ထယ်ယောင်းကတော့မျက်ရည်များဖြင့်ဂျောင်ကုကိုကြည့်နေရသည်။ သူတစ်ယောက်တည်းမို့ဝင်ဆွဲလို့မရတာကြောင့်ကိုယ့်ကိုယ်ကိုအားမလိုအားမရဖြစ်နေရသည်။

To Love You (Completed)Where stories live. Discover now