ထယ်ယောင်းညနေရောက်မှအိမ်ပြန်ရောက်လာခဲ့သည်။ စိတ်ရှုပ်ထွေးလွန်းလို့သူ့ omma အုတ်ဂူရှေ့မှာသာအကြာကြီးစကားတွေပြောနေခဲ့သည်။ ပြန်ရောက်တော့ အဒေါ်ကြီးယူကမပြန်ရသေး
"ဒေါ်လေးယူ မပြန်သေးဘူးလား"
"အင်း ထယ်လေး ဒေါ်လေးကသားတို့နှစ်ယောက်လုံးပြန်မလာကြသေးလို့မပြန်သေးတာပါကွယ် ဒါနဲ့မနက်ကဘယ်ကိုသွားတာလဲ ထယ်လေး"
"အော် omma ဆီသွားတာပါ"
"အင်း ဒေါ်လေးလည်းထင်ပါတယ်လို့ သခင်လေးဂျွန်နဲ့ရောတွေ့ခဲ့သေးလား"
"ဟမ်... အင်း တွေ့ခဲ့ပါတယ် သူကပြန်မရောက်သေးဘူးလား"
"ထယ်လေးနဲ့အတူပြန်မလာကြဘူးလား မနက်ကတည်းကထယ်လေးနောက်လိုက်သွားတာလေ အခုထိပြန်မလာသေးဘူး"
"ဟမ် ပြန်မလာသေးဘူးတဲ့လား"
"အင်းလေ ထယ်လေးတို့ကပြဿနာတစ်ခုခုဖြစ်ထားကြတာလား"
"မဟုတ်ပါဘူး ဒေါ်လေး အဲ့လိုမရှိပါဘူး... အာ့ဆိုဒေါ်လေးလည်းပြန်လိုက်တော့လေ"
"Omm ဒါဆို ဒေါ်လေးပြန်တော့မယ်နော်"
"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ"
အဒေါ်ကြီးပြန်သွားပြီးနောက်အိမ်မှာထယ်ယောင်းတစ်ယောက်တည်းသာကျန်ခဲ့တော့၏။
"သူကနေ့ခင်းကတည်းကပြန်မလာသေးတာလား... သူသွားစရာရှိနေလို့ဖြစ်ပါလိမ့်မယ်လေ... တအားကြီးလည်းစိတ်ပူမနေပါနဲ့ ကင်မ်ထယ်ယောင်း"
ထယ်ယောင်းလည်းရေချိုးပြီးနောက်ညစာမစားသေးပဲဂျောင်ကုကိုစောင့်နေလိုက်သည်။
သို့သော် 10 နာရီခွဲလို့ 11 ထိုးခံနီးတောင်ဂျောင်ကုမှာပြန်မလာသေး။
"ဘာလဲဟ ဘယ်တွေသွားနေတာလဲ ဂျွန်ဂျောင်ကု ငါ့ကိုစိတ်ပူရအောင်မလုပ်စမ်းပါနဲ့"
ထယ်ယောင်းအမှန်တကယ်ပင်စိတ်ပူနေရရှာသည်။ သူမနက်ကငြင်းလိုက်ရလို့စိတ်မကောင်းဖြစ်နေမိတာလည်းပါမည်။
ခဏလောက်ဆက်စောင့်လိုက်သည်။ သို့သော်ဆယ့်တစ်ခွဲခါနီးမို့မနေသာတော့ ဖုန်းဆက်ပြီးမေးဖို့ကြတော့လည်း ကိုယ်ကသူ့ရဲ့ဖုန်းနံပါတ်ကိုမတောင်းမိ။ အကယ်၍သူဘားတစ်ခုခုမှာများမူးပြီးမှောက်နေခဲ့ရင်လည်းသူ့ဆီကိုတစ်ယောက်ယောက်ကဆက်သွယ်ပေးလာနိုင်မည်မဟုတ်။ ဂျောင်ကုမှာလည်းသူ့ဖုန်းနံပါတ်ကမရှိ။
YOU ARE READING
To Love You (Completed)