ရင်ခုန်စိတ်လှုပ်ရှားခြင်းများစွာဖြင့် သူငယ်ချင်းနှစ်ယောက်အားနှုတ်ဆက်ပြီးဂျောင်ကု bar မှထွက်လာခဲ့သည်။
သူတို့ပြောလိုက်တဲ့စကားကအတော်ထိရောက်သွားတယ်ပြောရမယ် 'သူများနောက်ပါသွားလိမ့်မယ်' 'ကျန်နေရစ်ခဲ့လိမ့်မယ်' တဲ့လေ။
ထိုစကားတွေကြောင့်မသေချာမရေရာတာလည်းမသိတော့ပဲ ကင်မ်ထယ်ယောင်းကိုပဲပိုင်ဆိုင်ချင်စိတ်တွေပြင်းပြပြီးသူရှိမယ့်နေရာကိုလာခဲ့လိုက်သည်။
ဂျောင်ကုသိတာပေါ့ ကင်မ်ထယ်ယောင်းက အချိန်ပိုင်းလုပ်နေတာကို။ ဘာကြောင့်ရယ်လဲဆိုတာတော့စုံစမ်းမထားမိ။
အခုတော့သူ့ဆီကိုသာဦးတည်ပြီးသူ့တစ်ယောက်တည်းကိုကြည့်ကာပိုင်ဆိုင်ရန်စတင်ခြေလှမ်းအစပြုတော့မည်။
သူလည်းလက်ခံလောက်မှာပါ ဘာကြောင့်မှန်းမသိယုံကြည်မှုတွေရှိနေသည်။ တစ်နည်းအားဖြင့် ဘဝင်မြင့်နေသည်။
လက်မခံရင်လည်းလက်ခံတဲ့အထိတော့ကြိုးစားရမှာပေါ့။ ကိုယ့်ဘက်ကဖွင့်ပြောတာ ပထမဆုံးဖြစ်တဲ့အတွက်အရမ်းစိတ်လှုပ်ရှားပြီးသူကငြင်းမှာကိုလည်းကြောက်နေရသေးသည်။
တစ်ခါမှမဖြစ်ဖူးသောရင်တွင်းစစ်ဖြင့် ကင်မ်ထယ်ယောင်းရှိရာအရပ်ဆီသို့...
.
.
.ဆိုင်ရောက်တော့ဆိုင်ကမှောင်မဲနေပြီဖြစ်သည်။ ပြန်သွားတာများလားလို့ဖုန်းဆက်မေးမလို့ဖုန်းထုတ်လိုက်ချိန် ဆိုင်ထဲမှထွက်လာတဲ့ သုံးယောက်။ ဂျောင်ကုလည်းမဆက်ဖြစ်တော့ပဲ ကားနဲ့ထိုနေရာကိုဖြေးဖြေးချင်းမောင်းသွားလိုက်သည်။
အရှိန်နဲနဲလေးဖြင့်မှောင်းနေရင်း သူ့သူငယ်ချင်းနှစ်ယောက်နဲ့ပြုံးရီနေတဲ့ထယ်ယောင်းကိုတွေ့လိုက်ရတဲ့အခါ car sterring wheel ပေါ်ကိုအားနဲ့ကိုင်လိုက်မိတယ်။ သူတို့ထဲက တစ်ယောက်မှာထယ်ယောင်းအပေါ်ထားတဲ့စိတ်ကတစ်ခုခုရှိနေတဲ့ကောင်။ အမြဲထယ်ယောင်းအနားမှာပဲတစ်ဝဲလည်လည်လုပ်နေကြကောင်ပဲ။
နောက်တစ်ယောက်ကတော့အကြောင်းသိလို့စိတ်ပူစရာမလိုပေမယ့် ဒီကောင်နဲ့ကျမဖြစ် စိတ်ပူနေရသည်။
YOU ARE READING
To Love You (Completed)