Part 20

1.3K 51 1
                                    

ပျမ်းမျှအားဖြင့်နာရီပေါင်းကိုးနာရီကျော်ကြာအောင်လေယာဥ်စီးလာပြီးနောက် Hawaii သို့ရောက်သည်။ ထိုဆီရောက်တော့ညတောင်​ဖြစ်နေပြီလေ။ ဒါ့ကြောင့် Mr Jeon တို့စီစဥ်ပေးထားတဲ့ Hotel ကိုတန်းသွားပြီးနားကြသည်။
လည်ပတ်ဖို့ကတော့နောက်နေ့မှပေါ့။

Hotel သို့ရောက်တော့လည်းပြေးကြည့်စရာတောင်မလိုနှစ်ခန်းသာငှားပေးထားသည်။ VVIP room တွေပဲဖြစ်တာမို့သက်သောင့်သက်သာလွတ်လွတ်လပ်လပ်နေလို့ရသည်။ သို့သော်အိပ်ယာကတော့တစ်ခုတည်းသာ။ ယွန်းမင်တို့လင်လင်အတွက်သာမန်ထက်ပိုအဆင်ပြေပေမယ့် ထယ်ကုတို့လင်လင်အတွက်တော့ကုတင်ပျောက်ရပြန်သည်။

ပစ္စည်းများကိုနေရာသေချာထားပြီးနောက်

"ကုတင်တစ်ခုတည်းဘယ်လိုအိပ်ကြမလဲ"

စတင်မေးလာတဲ့ထယ်ယောင်း။ ဂျောင်ကုကတော့အေးအေးဆေးဆေးပင်

"နှစ်ယောက်အတူအိပ်လို့ရသားပဲကို ကုတင်ကကျယ်တယ် ပြီးတော့ယောက်ျားလေးတွေပဲကို ခင်ဗျားအတွက်အဆင်မပြေလို့လား"

"မဟုတ်ဘူး... ငါက..."

"အာ့ဆိုလည်းကျွန်တော်ပြောသလိုပဲလုပ်လိုက်ကြတာပေါ့ Omma တို့ကတမင်စီစဥ်ပေးထားတာ ဒီ Hotel ကလည်း Appa ရှယ်ယာတစ်ဝက်ဝင်ထားတာဆိုတော့ကျွန်တော်တို့အခန်းထပ်ယူလိုက်ရင်သူတို့သေချာပေါက်သိလောက်မှာ သူတို့ကကျွန်တော်တို့ကိုတမင်သက်သက်အတူနေရအောင်လုပ်ထားတာ"

"....."

"ခင်ဗျား ရေချိုးခန်းအရင်သုံးမလား"

"ရတယ် မင်းအရင်သုံးလိုက်"

"အင်း ခင်ဗျားနားရင်နားတော့လေ"

"အင်း"

ပြောပြီးရေချိုးခန်းထဲဝင်သွားတဲ့ဂျောင်ကုနဲ့ကျန်နေခဲ့တဲ့ထယ်ယောင်း

"သူတောင်အဆင်ပြေတာပဲ ဘာမှမဖြစ်ဘူး ယောက်ျားလေးတွေပဲ အင်း ဟုတ်တယ်"

သူပြောပြီးသူပဲလိပ်ပြာမလုံနေတာပင်။ ဘာလို့ဆိုသူအရင်ကယောက်ျားလေးတစ်ယောင်ကိုသဘောကျခဲ့ဘူးလို့လေ။

ရေချိုးခန်းထဲမှဂျောင်ကုကလည်း

"ခင်ဗျားကစည်းတွေသိပ်ခြားလွန်းတာပဲ Kim Tae Hyung အခုတော့ဘာတတ်နိုင်သေးလဲ appa တို့ကိုတောင်ကျေးဇူးတင်လာသလိုပဲ"

To Love You (Completed)Where stories live. Discover now