Final

2.4K 68 3
                                    

နောက်တစ်နေ့နိုးလာတော့သူ့ရဲ့ရင်ခွင်ထဲမှာရောက်နေတဲ့သူ့ရဲ့ ထယ်ပေါက်စလေး။
ထယ် အင်း အဲ့နာမည်လေးကမနေ့ညကမှသူတို့အတူရှိနေစဥ်နှလုံးသားထဲကထွက်ကျလာခဲ့တဲ့နာမ်စားလေး။

သူ့အတွက်လည်းနာမ်စားအသစ်လေးရခဲ့လိုက်ပါသေးတယ်။ အဲ့ဒါလေးကအရမ်းကိုချစ်ဖို့ကောင်းတာ...

ရင်ခွင်ထဲမှာပါးလေးတွေဖောင်းနေပြီးအသဲပုံနှုတ်ခမ်းလေးကလည်းပန်းရောင်သန်းနေပြန်သေးသည်။

လူတစ်ယောက်ရဲ့တကယ့်စစ်မှန်တဲ့အလှတရားကသူ့ရဲ့မနက်အိပ်ယာထချိန်မှာပဲဆိုတဲ့စကားပုံအတိုင်းအရ သာဆိုသူ့ထယ် Hyung လေးကကမ္ဘာပေါ်မှာနှစ်ယောက်မရှိနိုင်တဲ့လှခြင်းမျိုးနဲ့လှတာပင်။

ကြည့်နေရင်းနဲ့အသဲယားလာတာကြောင့်နှုတ်ခမ်းလေးကိုဆွဲကာနမ်းလိုက်သည်။

နမ်းပြီးလွှတ်ပေးလိုက်တော့ထယ်ယောင်းမျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ကာမျက်လုံးတွေလည်းပွင့်လာခဲ့သည်။

"အင့်~ ဂျောင်ကု နိုးနေတာကြာပြီလား"

အိပ်ချင်မူးတူးဖြင့်မေးလာသောချစ်ခင်ပွန်းလေး။

ကိုယ်ချစ်ရတဲ့သူနဲ့အတူနိုးထလာရတဲ့မနက်ခင်းဟာအရမ်းကိုအဖိုးတန်လှပါသည်။

"ခုနလေးတင်ကမှနိုးတာ ထယ်... နာနေသေးလား"

ထိုမေးခွန်းကြောင့်မှေးနေတဲ့ထယ်ယောင်းမှာမျက်လုံးတွေပြူးကျယ်လာကာမျက်နှာမှာလည်းခရမ်းချဥ်သီးဘဝသို့ပြောင်းသွားသည်။

"ဘာ ဘာတွေလာမေးနေတာလဲ ငါအိပ်ချင်နေသေးတယ် မင်းတိုးတိုးနေ!"

ပြောပြီးစောင်ထဲသို့ခေါင်းမြီးခြုံနေလေသည်။

ဂျောင်ကုလည်းအသဲယားစွာဖြင့်သူ့ Hyung လေးကိုငုံ့ကာနမ်းနေခိုက်...

"Hey yo!! Jungkook!! Happy Birth...!"

အသံပြဲကြီးနဲ့အော်ကာအခန်းထဲဝင်ချလာသောသူ့သူငယ်ချင်းတွေ။

ဂျီမင် အွန်ဝူး ဂျယ်ဟွန်း နဲ့ ယွန်းဂီပါအပါအဝင်ဖြစ်သည်။

သူတို့လက်ထဲမှာလည်းကိတ်မုန့်ရော သောက်စရာဘီယာနဲ့မက်ဂျူ ဝိုင်အပါအဝင် အခြားသောအကင်တွေလည်းပါနေသေးသည်။

To Love You (Completed)Where stories live. Discover now