Part 5

1.4K 62 3
                                    

Kim Tae Hyung တစ်ယောက် သူ့ omma ရဲ့ Diary ဖတ်ပြီးကတည်းက စိတ်တွေလေလွင့်ပြီးစဥ်းစားခန်းဖွင့်နေခဲ့တာ နေ့လယ်ကတည်းက။

Omma ရဲ့ ဆန္ဒက သူ့သူငယ်ချင်းရဲ့သားနဲ့လက်ထပ်ဖို့။
သူမကြောင့်မပြည့်ဆုံခဲ့ရတဲ့မိသားစုလေး မခံစားခဲ့ရတဲ့ နွေးထွေးမှုလေးတွေကို သူမသူငယ်ချင်းမိသားစုကအပြည့်အဝပေးမှာမို့ သူတို့သားနဲ့လက်ထပ်လိုက်ပါတဲ့လေ။

Omma ကဘာလို့အဲ့လိုတွေးခဲ့ရတာပါလိမ့်။ Appa သာစောစောအသိတရားဝင်ခဲ့ရင်အဲ့လောက်ထိ omma ခံစားခဲ့ရမှာမဟုတ်ဘူးလေ။

Appa က Omma ကိုချစ်နေခဲ့တယ်။
သူ omma အပေါ်အမှားတွေအများကြီးလုပ်ခဲ့ပြီးမှ နောင်တတွေရနေခဲ့တယ်။

Omma ကသူမပေးခဲ့တဲ့စာအုပ်ခရမ်းရောင်လေးထဲမှာ Appa ကသူမကိုချစ်မိနေခဲ့ကြောင်း ဖွင့်ပြောခဲ့တာကိုရေးထားခဲ့တယ်။
သူမ အဲ့နေ့ကသိပ်ပျော်နေခဲ့တာတဲ့...
သူမရဲ့အချစ်စစ်မှန်လို့ appa အချစ်ကိုပြန်ရခဲ့ရတာတဲ့...

သို့ပေမယ့် လှည့်စားတတ်တဲ့ ကံကြမ္မာကြောင့် appa က omma ကိုဖွင့်ပြောခဲ့ပြီး နှစ်ပတ်ကျော်ကျော်ကြာတော့ omma နှလုံးရောဂါ အပြင်းအထန်ခံစားခဲ့ရပြီး ဆုံးသွားခဲ့ရတာ။

Omma ရဲ့ အမ ကျွန်တော့်အဒေါ်ကတော့ omma သေရတာကျွန်တော့်ကြောင့်ဆိုပြီး omma ဆုံးတဲ့နေ့က ကျွန်တော့်ကိုလာအပြစ်တင်ခဲ့တယ်။

Omma ကနဂိုကတည်းက အမောသိပ်မခံသလို သားအိမ်နဲ့ပတ်သတ်ပြီး စိုးရိမ်ရတဲ့ ပြဿနာတစ်ခုရှိနေခဲ့တာတဲ့။
အဲ့တာကို Appa နဲ့လက်ထပ်ပြီး မှားခဲ့တာတောင် ကျွန်တော့်ကိုမရမက လူ့လောကထဲခေါ်ဆောင်ပေးခဲ့တာ။

ကျွန်တော့်ကိုမွေးပြီးကတည်းက omma ကကျန်းမာရေးသိပ်ချူချာလာတာ။
စျာပနပွဲနေ့တုန်းက အဒေါ်က ကျွန်တော့်ကိုအဲ့တာတွေပြောကြီး အပြစ်တင်နေခဲ့တာ။ ငယ်သေးတော့ နားမလည်ခဲ့ဘူး။

ဒါပေမယ့် ကြီးလာတော့ နားလည်လာခဲ့တယ်။ အဲ့ဒါထက် omma ရဲ့ စျာပနပွဲမှာ ကျွန်တော့်ကိုဦးနှောက်ထဲ ရိုက်သွင်းခဲ့တဲ့စကားက "မင်းကြောင့်! မင်း omma ကသေသွားခဲ့ရတာ! မင်းကမွေးဖွားလာဖို့မပြောနဲ့ မင်းအမေ့ရဲ့ ဗိုက်ထဲကိုရောက်မလာခဲ့သင့်တာ! မင်းကမင်းအမေကိုပြန်သတ်လိုက်တာနဲ့တူတူပဲ!" တဲ့။

To Love You (Completed)Where stories live. Discover now