Part 4

1.4K 67 3
                                    

ထယ်ယောင်းတစ်ယောက် အခုဆိုရင် Hotel ကနေပြောင်းပြီး ကိုယ်ပိုင် Condo မှာ နေဖို့ရောက်လာပြီဖြစ်သည်။

ရောက်ရောက်ချင်းရေချိုးပြီး စိတ်ကိုပြင်ဆင်ကာ Omma ထားခဲ့တဲ့ ခရမ်းရောင် Diary လေးကိုစဖတ်ဖို့ပြင်လိုက်တယ်။

ထိုစာအုပ်လေးကိုဖွင့်လိုက်ချင်း တွေ့လိုက်ရတာက omma ရေးခဲ့တဲ့စာလုံးလှလှလေးတွေနဲ့ ငယ်ငယ်ကရိုက်ခဲ့တဲ့ omma နဲ့သူ့ရဲ့ပုံလေး။ အဲ့ပုံပြီးတော့ မိသားစုပုံ။
အဲ့ဒီပုံပြီးတော့ တခြားမိသားစုတစ်ခုနဲ့ သူတို့မိသားစုရိုက်ထားတဲ့ပုံထင်ပါရဲ့။

စာရွက်လေးမှာပဲထိုပုံလေးတွေကို pin လေးတွေနဲ့ တွဲကပ်ထားတာ။
စိတ်ကိုငြိမ်အောင်ထားပြီး ရေးထားတဲ့စာလေးတွေကိုဖတ်ကြည့်လိုက်တော့...

*Omma သားလေးအတွက်သားလိုချင်တဲ့ Omma ရဲ့ Diary စာအုပ်လေးတွေပေးခဲ့တယ်နော် omma ဆန္ဒအရဆို သားလေးကိုမပေးဘဲ omma ကမြေမြှုပ်တာဖြစ်ဖြစ် မီးရှို့တာဖြစ်ဖြစ်လုပ်ချင်ခဲ့ပေမယ့် သားလေးအတွက်အဖော်မဲ့နေမှာဆိုးလို့ omma ကထားခဲ့တယ်နော် သားက ဖတ်ပြီးရင်တော့ သားအဖေကို အပြစ်တွေတင်ပြီး မုန်းတီးမနေရဘူးနော်

Omma သားအတွက် သားအရွယ်ရောက်ရင်ဖြစ်စေချင်တဲ့အမေ့ရဲ့ဆန္ဒတွေကို ရေးထားခဲ့တဲ့ ဒီခရမ်းရောင်ဒိုင်ယာရီ စာအုပ်လေးကို သား appa ကိုအပ်ထားခဲ့တယ် သားအရွယ်ရောက်ရင် ပေးပေးဖို့လေ

Omma ကိုယုံတယ်မလား Omma ကငါ့သားအတွက်ပျော်ရွှင်ရမယ့်လမ်းကိုပဲရွေးစေချင်တာ ပြီးတော့ omma သိတယ် သားက omma ရဲ့ဆန္ဒတွေကိုလိုက်​လျောပေးမယ်ဆိုတာ သားအတွက် အမြဲပျော်ရွှင်စေမယ်ဆိုတာ omma သိတယ်

သားလေးကိုအရမ်းချစ်တဲ့
Omma*

ပထမစာရွက်ပဲဖတ်ရသေးတာတောင် ကျလာခဲ့တဲ့မျက်ရည်တွေ...

"ကင်မ်ထယ်ယောင်း မင်းကတကယ့်ကိုပျော့ညံတဲ့ကောင်ပဲ...
အခုမှ တစ်ရွက်ပဲဖတ်ရ​သေးတာကိုငိုနေတယ် ရေးပေးခဲ့တဲ့မင်းအမေဆိုဘယ်လောက်တောင်ရင်ကွဲခဲ့ရမလဲ..."

ကိုယ့်ကိုယ်ကိုကျိန်ဆဲရင်းစာအုပ်လေးကိုဆက်မဖတ်နိုင်ပဲရှိုက်ကြီးတငင်ငင်ငိုနေတဲ့ကောင်လေးကဘယ်သူမှမရှိတဲ့အခန်းလေးထဲမှာအော်ငိုနေသတဲ့။

To Love You (Completed)Where stories live. Discover now