မင်္ဂလာအစီအစဥ်ပြီးနောက်သတို့သားနှစ်ယောက်သည် သူတို့မိဘရှိရာဆင်းလာကြသည်။
Jm-ငကု မင်းငါတို့ကိုမင်းယောက်ျားနဲ့ မိတ်ဆက်ပေးဦးလေကွာ
ဂျီမင်ကပြုံးစိစိနဲ့ပြောလိုက်သည်။
Mrs Jeon တို့သုံးယောက်လုံးကလည်းကြိတ်ရီနေကြသည်။Jk-အဟမ်း သူ့နာမည်က Kim Tae Hyung တဲ့ မင်းနဲ့ရွယ်တူပဲ
Jm-ဟမ် ဒါဆိုမင်းထက်နှစ်နှစ်ကြီးတာပေါ့
Jk-အင်း
Yg-လုံးဝမထင်ရဘူး မင်းထက်ငယ်မယ်ထင်ထားတာ မင်းရုပ်ကသူ့ထက်ပိုရင့်နေသေးတယ် သေခါနီးရုပ်နဲ့
Jk-Min Yoon Gi shi ဖဲ့တာများလွန်းနေပြီလို့ထင်တယ်နော်
ယွန်းဂီတို့လင်လင်နှစ်ယောက်နဲ့ ထယ်ယောင်းကိုအချင်းချင်းမိတ်ဆက်ပေးပြီးတော့ မိဘတွေလက်ဖွဲ့ထားတဲ့အိမ်အသစ်စီကို နှစ်ယောက်သားထွက်လာခဲ့ကြတယ်။
ကားမောင်းရင်းနဲ့ ဂျောင်ကုတစ်ယောက်မသိမသာခိုးပြီးသက်ပြင်းချနေမိသည်။
အခုဆိုရင်ကိုယ်ကအရင်လိုလူပျိုလူလွတ်မဟုတ်တော့ပဲ အိမ်ထောင်သည်တစ်ယောက်ဖြစ်နေလေပြီ။
ရှေ့လျှောက်ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာစိတ်မကူးတတ်။
သူကတော့ဘေးပတ်ဝန်းကျင်ကိုသာငေးပြီးလိုက်လာလေရဲ့။ တစ်ခုသတိထားမိတာက သူကစတွေ့တုန်းကလိုစကားတွေအများကြီးမပြောတော့ဘူး။ တစ်နေကုန်တိတ်တိတ်ဆိတ်ဆိတ်ပဲဖြစ်နေလေရဲ့။ထို့နောက် တိတ်ဆိတ်နေသောကားပေါ်နှစ်ယောက်သားဘာမှမပြောပဲမောင်းလာခဲ့တာနောက်ဆုံးအိမ်သစ်သို့ရောက်လာလေရဲ့။
ထိုအိမ်က Omma တို့ Mr Kim တို့ရဲ့အိမ်နဲ့မောင်းရင် မိနစ်နှစ်ဆယ်လောက်မောင်းရသည်။
"ရောက်ပြီ"
"အင်း"
နှစ်ယောက်သားအိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။ ထိုအိမ်မှာနေဖို့ Mrs Jeon တို့ကတိုင်ပင်ထားပြီးသားမို့ ထယ်ယောင်းမသိလိုက်ခင်မှာပဲသူဟာလက်ခံခဲ့ရတယ်။ အဲ့တာကလည်းပိုပြီးအဆင်ပြေတယ်ပဲပြောရမှာပေါ့။ လူကြီးတွေမရှိတော့ နေရမခက်တာပေါ့။
![](https://img.wattpad.com/cover/335175488-288-k665382.jpg)
YOU ARE READING
To Love You (Completed)