မနက်ခင်းစောစောမျက်လုံးပွင့်လာတာနဲ့ချက်ချင်းထပြီးရေချိုးလိုက်တော့တယ်။ ဒီနေ့အဒေါ်ကြီးယူကအိမ်မှုကိစ္စလာလုပ်ပေးလိမ့်မည်လေ။ Mrs Jeon တို့ကတခြားအဒေါ်ကြီးခေါ်ပေးမယ်ဆိုတာကိုသူ့မှာမနဲပြောထားရတာဖြစ်သည်။
အဒေါ်ကြီးယူကတော့ထမင်းဟင်းချက်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ညနေစောင်းရင်ပြန်ရမည်ဖြစ်သည်။ လူရှုပ်ရင်မနေတတ်တဲ့ထယ်ယောင်းအတွက် အဒေါ်ကြီးယူဟာမနက်စောစောအိမ်လာပြီးညနေမစောင်းခင်ထိအလုပ်ဆင်းလေမည်။ဒီနေ့ဟာသူ့အတွက်ကျောင်းစတက်ရမယ့်နေ့ပင် လက်မထပ်ခင်က appa ဟာ ဂျောင်ကုတက်တဲ့ တက္ကသိုလ်ကိုပဲရွေးထားပေးသည်။ ကျောင်းသစ်တက်ရမှာမို့စိတ်လှုပ်ရှားလားဆိုတော့ နိုး။ ကင်မ်ထယ်ယောင်းဆိုတာက No Feeling ဆိုပြီးကိုယ့်ကိုယ်ကိုခံယူထားတဲ့လူပင်။ အရင်ရည်းစားဟောင်းက ကိုယ့်ကိုယ်တစ်ကယ်မချစ်ပဲ ကစားခဲ့တာမို့အချစ်ဆိုတဲ့အရာကိုရော လူတွေကိုရောမယုံကြည်တော့ပင်။
လှေကကနေဆင်းလာတော့ အဒေါ်ကြီးကမနက်စာပင်ပြင်ထားပေးပြီဖြစ်သည်။
"ဒေါ်လေးယူ"
"Morning ပါ သခင်လေး"
"ဟိုတစ်ယောက်မရှိသေးပါဘူး ဒေါ်လေးရယ် ပြီးတော့သူရှိလည်းအရင်လိုပဲခေါ်ပါ ဂရုစိုက်မနေပါနဲ့"
"ဟုတ်ပါပြီ ထယ်လေးရေ ဒေါ်လေးမနက်စာပြင်ပြီးပြီ လာစားလိုက်နော်"
"Nae"
"ဒါဆိုဒေါ်လေး ခြံထဲသန့်ရှင်းရေးသွားလုပ်လိုက်ဦးမယ်နော်"
"နားနားနေနေလုပ်ပါနော်"
"အင်းပါ ထယ်လေးရယ်"
အဒေါ်ကြီးယူထွက်သွားပြီး ခဏအကြာဆင်းလာတဲ့သူ့ရဲ့အသစ်ဆက်ဆက်အမျိုးသားလေး။
ဂျောင်ကုတစ်ယောက်အောက်ဆင်းလာတော့ထမင်းစားဝိုင်းမှာတစ်ယောက်တည်းမနက်စာထိုင်စားနေတဲ့ကောင်လေး။
သူနဲနဲတော့အံ့သြမိပါသည်။
သူ့ကိုတောင်မစောင့်ပဲစားနေတဲ့ထယ်ယောင်း။ ပြီးတော့ တစ်ယောက်တည်းသာစားနေလေသည်။ဂျောင်ကုမှာအကျင့်တစ်ခုရှိသည်။ တစ်ယောက်တည်းထမင်းမစားတတ်တာပင်။ တစ်ယောက်တည်းစားရတာအရသာမရှိပဲ အထီးကျန်တယ်လို့ခံစားရတာကြောင့်ပင်။ အိမ်မှာဆိုအမြဲအမေကဘေးကနေထိုင်နေပေးသည်၊ ဟင်းတွေလည်းထိုင်ထည့်ပေးနေပြီးစကားတွေလည်းပြောနေပေးသည်။ အခုတော့ဒီကောင်လေးဟာတစ်ယောက်တည်းစားနေလေရဲ့။
![](https://img.wattpad.com/cover/335175488-288-k665382.jpg)
YOU ARE READING
To Love You (Completed)