ခမ်းနားလှသောခန်းမကြီးထဲတွင်အလုပ်ရှုပ်နေကြသောလူတစ်စု။
ယနေ့ဟာဆိုရင် Jeon company ရဲ့တစ်ဦးတည်းသောဆက်ခံသူ Jeon Jung Kook နှင့် KH company ရဲ့ဆက်ခံသူသား Kim Tae Hyung တို့ရဲ့မင်္ဂလာပွဲပင်ဖြစ်သည်။ထိုလူများကြားထဲမှာမှ Mrs Jeon ဟာဆိုရင်လည်း အလုပ်ရှုပ်နေလေရဲ့။
သူမကိုယ်တိုင်လိုက်ကြည့်ပြီးမင်္ဂလာပွဲအတွက် သေချာလိုအပ်ချက်မရှိအောင်ပြင်ဆင်နေလေရဲ့။Mr Jeon-မိန်းမရေ အဲ့လောက်ထိအလုပ်ရှုပ်ခံမနေပါနဲ့ကွာ သူတို့ဘာသာပြည့်စုံအောင်လုပ်ပါလိမ့်မယ် ပွဲကနောက်တစ်နာရီမှလေ အဲ့အစားသားတွေကိုသွားကြည့်ရအောင် အဆင်ပြေမပြေ
Mrs Jeon-အင်း အဲ့တာဆိုသွားကြတာပေါ့အော် ဒါနဲ့ ယောက်ျား သူတို့ကိုဘယ်လိုခန်းမဝင်ခိုင်းမလဲ ကျွန်မအဲ့တာမစဥ်းစားခဲ့မိဘူး
Mr Kim-ငါတော့ ဂျောင်ကုကိုအရင်ဝင်ခိုင်းပြီးမှ ထယ်ယောင်းကိုတစ်ယောက်တည်းဝင်ခိုင်းလိုက်မယ်လေ
Mr Kim ကအနားရောက်လာပြီးပြောလေသည်
Mrs Jeon-အင်း ဟုတ်တယ်နော် အဲ့တာဆိုဘယ်သူမှအနေခက်မှာမဟုတ်တော့ဘူး မကျေနပ်စရာလည်းမရှိလောက်ပါဘူးနော်
Mr Jeon-ဒါပေါ့
Mrs Jeon-အင်းအင်း အဲ့တာဆိုသွားကြည့်ရအောင် နင်ပါလိုက်ခဲ့
Mrs Jeon က Mr Kim ကိုပါအတူလိုက်ခဲ့ဖို့ခေါ်လိုက်သည်။
Mr Kim-အေး သွားကြတာပေါ့ သူတို့ကအခန်းမတူဘူး သပ်သပ်စီခွဲပြီးပြင်ဆင်နေကြတာ
ထို့နောက် သားတွေရဲ့အခြေအနေကိုကြည့်ဖို့ထွက်လာခဲ့ကြသည်။
.
.
.
.
."Wow သတို့သားလေးကအချောအလှလေးတော့် သတိုးသားလေးရဲ့ယောက်ျားဖြစ်လာမယ့်သူကတော့ သိပ်ကံကောင်းတာပဲ"
ထယ်ယောင်းတစ်ယောက်မပြုံးချင်ပဲပြုံးပြလိုက်ရသည်။
မှန်ထဲမှာပေါ်နေတဲ့သူဟာ ချောလှသည် ဒါပေမယ့်ထိုမျက်နှာရော မျက်လုံးရောက သေနေလေသည်။ထယ်ယောင်းဟာသူတကယ်ချစ်ရတဲ့သူနဲ့တူတူနေပျော်ရွှင်ပြီး ငယ်စဥ်ကမရှိခဲ့တဲ့ ပျော်ရွှင်မှုတွေရယူချင်ခဲ့တာ။ ခဏခဏ ကိုယ့်ရဲ့မင်္ဂလာပွဲကိုစိတ်ကူးယဥ်ခဲ့ရသည်။ ကိုယ့်ရဲ့အနာဂါတ်အမျိုးသမီးလေးက ကိုယ့်ကိုနွေးထွေးမှုတွေပေးလိမ့်မယ်လို့ယုံကြည်ခဲ့တာအမှန်။ ဒါပေမယ့်အခုချိန်မှာတော့....
YOU ARE READING
To Love You (Completed)