Part 22

1.1K 55 0
                                    

အမြဲအတူတူနေ့လည်စာစားကြတာမို့ အခု​တော့အတူစားမယ့်သူမရှိတော့ Jae Yoo တစ်ယောက် Canteen မသွားတာနှစ်ရက်ပင်ရှိနေပြီဖြစ်သည်။ အခုလည်းအတူအလုပ် လုပ်နေကြ Hyung လေးမရှိတော့ အချိန်ပိုင်းအလုပ်က ထယ်ယောင်းနဲ့မတွေ့ခင်ကအချိန်လိုပျင်းစရာကောင်းနေသည်။

ဒီနေ့လည်း Taehyung Hyung မရှိတုန်းအချိန်ပိုင်းတစ်ပတ်လောက်လာလုပ်မယ့်ဝန်ထမ်းအသစ်နဲ့တွေ့ရဦးမည်လေ။

ခဏအကြာဆိုင်ထဲကိုဝင်လာတဲ့ကောင်လေးတစ်ယောက်

"မင်္ဂလာပါ Spring Day Café မှကြိုဆို... အားရှ်"

"Wae? ငါလာတာဝမ်းမသာဘူးလား"

"မင်းကဒီကိုဘာလာလုပ်တာလဲ"

"ကော်ဖီဆိုင်လာပါတယ်ဆိုမှဘာလုပ်ဖို့လာရမှာလဲ ဂိမ်းဆော့ဖို့လား"

"မရွဲ့နဲ့ ကော်ဖီဆိုင်တွေအများကြီးထဲကမှဘာလို့ဒီဆိုင်လဲ"

"မင်းရှိလို့လေ"

"မင်း! မင်း ငါ့ကိုဘယ်အချိန်ထိလိုက်နှောင့်ယှက်နေဦးမှာလဲ"

"မင်းပြန်ချစ်တဲ့အထိ"

"Yaa Oh Chan Young ငါမင်းကိုမကြိုက်ဘူးလို့"

"ကြိုက်လာစေရမယ်လို့"

"မင်းနဲ့စကားနိုင်လုဖို့အချိန်မရှိဘူး မင်းဘာမှာမှာလဲ"

"ငါဒီကိုမုန့်စားဖို့လာတာမှမဟုတ်တာ အချိန်ပိုင်းလာလုပ်တာ"

"ဘာ!!!"

.
.
.
.
.

Hawaii တွင် shopping mall တွေထဲလည်းသွားကြည့်ကြသည်။ အစားအသောက်အစုံလည်းစားကြပြီးသူတို့တွေလည်ပတ်ကြသည်။ ထိုသို့ဖြင့်ညနေခင်းရောက်တော့ကမ်းခြေဘက်မှာရေကစားကြသည်။ ထယ်ယောင်းနဲ့ဂျီမင်ကတော့ဆော့လိုက်ကြတာကလေးတွေကျလို့ဗြောင်းဆန်အောင်ပင်။ သူတို့ရဲ့ဆိုင်ရာကြီးတွေကလည်းဘေးကနေတစ်ပူးပူးနဲ့လိုက်ကြည့်နေကြသည်။ ကမ်းခြေမှာကစား​နေကြတဲ့လူအများအပြားပင်။ ထိုထဲမှကောင်မလေးတစ်ချို့ကရော ကောင်လေးတစ်ချို့ကရောသူတို့အဖွဲ့ကိုကြည့်နေကြသည်။

မိန်းကလေးတစ်ချို့က Jeon Jung Kook ရဲ့ရေတွေဆိုနေတဲ့အင်္ကျီအောက်ကကြွက်သားတွေကိုငမ်းငမ်းတက်ကြည့်နေကြသလို ကောင်လေးတစ်ချို့ကလည်းထယ်ယောင်းရဲ့ပေါင်သွယ်သွယ် ခြေသလုံးသွယ်သွယ်လေးတွေကိုကြည့်နေကြသည်။ ထယ်ယောင်းလည်းရေတွေဆိုနေတာကြောင့်သူ့ရဲ့အင်္ကျီလေးဟာလည်းကပ်နေပြီးခါးလေးတွေကိုမြင်နေရကာ တင်ပါးလေးဟာလည်းလုံးထွက်နေသည်။

To Love You (Completed)Where stories live. Discover now