မျက်လုံးဖွင့်ဖွင့်ချင်းထိုးကိုက်လာတဲ့ခေါင်းကြောင့်ဂျောင်ကုလက်နဲ့သာခေါင်းကိုဖိကိုင်လိုက်မိသည်။
သူညကတော်တော်လေးကိုသောက်ခဲ့တာကြောင့်အကျိုးဆက်ကိုပြန်ခံစားနေရခြင်းပင်။
ဘေးကနာရီကိုကြည့်လိုက်တော့ဆယ်နာရီတောင်ထိုးတော့မည်။ ခဏလောက်ထိုင်ကာခေါင်ကိုက်သက်သာအောင်ငြိမ်နေမိချိန်အခန်းတံခါးကိုဖွင့်ဝင်လာတဲ့ ကင်မ်ထယ်ယောင်း။ သူ့ကိုမြင်တော့လန့်သွားပြီး
"နိုးလာပြီလား ခေါင်းကိုက်နေတယ်မလား ရော့ ဒါလေးသောက်လိုက်ဦး"
နိုးနိုးချင်းလာပြီးဂရုစိုက်ပေးနေတာကြောင့်စိတ်ထဲမှာလည်းသူပျော်နေမိသည်။
ထယ်ယောင်းပေးတဲ့ပျားသံပရာရည်ကိုယူကာသောက်လိုက်တော့ခေါင်းကိုက်တာတစ်ဝက်လောက်ကသက်သာသွားသည်။
အချစ်ရဲ့စွမ်းအားကသုံးပုံနှစ်ပုံလောက်ပါလိမ့်မည်။"ဂိုမားဝေါ Hyung"
"ရပါတယ် မင်းရေချိုးမှာမလား ချိုးလိုက် လေ ငါအမူးပြေဟင်းရည်လေးအဒေါ်ကြီးကိုလုပ်ခိုင်းထားတယ် ပြီးရင်ဆင်းခဲ့ထမင်းအတူစားရအောင် ပြီးတော့ပြောစရာလေးလည်းရှိသေးတယ်"
"ဟုတ်ကဲ့ Hyung"
"ဒါဆို အောက်မှာစောင့်နေမယ်နော်"
"ဟုတ်ကဲ့"
ထယ်ယောင်းလည်းအခန်းထဲကမှထွက်လာလိုက်သည်။ ရုတ်တရပ်ကြီးလိမ္မာယဥ်ကျေးသွားတဲ့ထိုကောင်လေးကြောင့်ကိုယ်နဲ့သူကသူစိမ်းတွေလိုခံစားလိုက်ရသည်။
"ဟူးး~ အဲ့တာမင်းကြောင့်လေ Kim Tae Hyung ရဲ့..."
ထယ်ယောင်းလည်းကိုယ့်ကိုယ်ကိုအပြစ်တင်ရင်းသာဟင်းတွေနွှေးပြီး ပြင်ဆင်ကာဂျောင်ကုကိုစောင့်နေလိုက်သည်။
ခဏကြာတော့ဂျောင်ကုလည်းရေချိုးထားပြီးသပ်သပ်ရပ်ရပ်ပြင်ဆင်ကာအောက်ဆင်းလာသည်။
ထယ်ယောင်းလည်းဂျောင်ကုကိုပြုံးပြလိုက်ပြီး
"ထိုင် ဒီမှာအမူးပြေဟင်းရည် ပြီးတော့ထမင်းရော ဟင်းလေးတွေရော ငါကိုယ်တိုင်ခူးပေးထားတာ စားနော်"
YOU ARE READING
To Love You (Completed)