ဟိုးအရင်ငယ်ငယ် ကလေးဘဝကတည်းက ဒီအိမ်ကြီးမှာပျော်ရွှင်စရာဆိုတာမရှိခဲ့။
ငယ်ငယ်ကတည်းက omma ကိုကြည့်ပြီး သနားလွန်းလို့ကလေးအရွယ်နဲ့မလိုက်အောင်ကို ကြိတ်ငိုခဲ့ရတာ။
သူများကလေးတွေ ကျောင်းကို မိဘနှစ်ပါးစလုံးပျော်ပျော်ရွှင်ရွှင်လာကြိုကျရင် ကိုယ့်မှာ အားကျရသလို အားလည်းငယ်ခဲ့ရပြန်တယ်။
ကျန်းမာရေးမကောင်းတဲ့ အမေကကျောင်းကိုသူ့ဆန္ဒအတိုင်းနေမကောင်းတဲ့ကြားက အားခဲပြီးလာကြိုပေးရှာတယ်။
ဒါပေမယ့် အမေ့ကျန်းမာရေးအခြေအနေကြောင့် တစ်လလောက်သာလာပေးနိုင်ခဲ့တယ်။ ကျောင်းမှာပွဲတွေရှိရင်လည်းတစ်ယောက်တည်းသာ။Omma ကိုတော့ ဒါတွေမပြောခဲ့ပါဘူး။
Omma သာသိရင်နေမကောင်းတဲ့ကြားက Appa နဲ့စိတ်ထိခိုက်ခံပြဿနာအဖြစ်ခံပြီး သားရဲ့ကျောင်းပွဲတော်တွေကိုလိုက်ခဲ့ဖို့ ဒူးထောက်ပြီးတောင်းဆိုနေခဲ့မှာကို သိခဲ့လို့လေ။ဖခင်ကတော့ အလကားသာ။
အမြဲအလုပ်တွေလည်းလုပ်နေခဲ့ပြီး omma ကိုမစောင့်ရှောက်ခဲ့ဘူး။
ချစ်တောင်မချစ်ခဲ့တာထင်ပါရဲ့။
အဖေကဆိုအမြဲ သူ့ရဲ့အမှားတစ်ခုသာသာကိုယ့်ကို ဆက်ဆံခဲ့တယ်၊ အမေကတော့အမြဲအားနာပြီးစိတ်မကောင်းဖြစ်နေရမြဲ။အခုလည်းငယ်ငယ်ကနေခဲ့ရတဲ့အိမ်ကြီးကိုရောက်လာရပြန်တယ်။
"ဟူးး~"
စိတ်ရှုပ်မှုတွေအပြည့်ပါဝင်နေတဲ့ ကင်မ်ထယ်ယောင်း ရဲ့ သက်ပြင်းချသံ။
အိမ်ထဲကိုဝင်သွားလိုက်တော့ appa က
ဧည့်ခန်းထဲမှာ သတင်းစာဖတ်ရင်းကော်ဖီသောက်နေလေရဲ့။
သူ့ကိုလည်းမြင်မြင်ချင်း"သား လာပြီလား အဖေကစောင့်နေတာ"
ဟက် စောင့်နေတာဆိုပဲ
"ဒါနဲ့ Mr Kim ကအလုပ်မသွားဘူးလား အမြဲအလုပ်ရှုပ်နေတဲ့သူက အရေးမပါတဲ့လူကို ထိုင်စောင့်နေတာလား"
သူပျက်ရယ်ပြုလိုက်တယ်
Mr Kim ဟုတ်တယ် omma ဆုံးပြီးကတည်းက Mr Kim လို့သာရွဲ့ပြီးခေါ်တော့တယ် ငယ်ငယ်အရွယ်ရောက်ခါစ 12 နှစ်လောက်ကတည်းက တစ်နိုင်ငံပြီးတစ်နိုင်ငံ company တွေကိုလိုက်ဦးစီးနေလို့ သားဖြစ်သူကိုတောင် ဂရုမစိုက်ခဲ့တာပဲ။
Arnii အရင်ကတည်းကမိန်းမကိုရော သားကိုရော ရှိတယ်လို့ကိုမထင်ခဲ့တာပဲ။
YOU ARE READING
To Love You (Completed)