Part 18

1K 49 0
                                    

ထယ်ယောင်းရပ်ကြည့်နေမိပြီးမှသတိပြန်ဝင်လာကာထိုနေရာမှဂျောင်ကုမသိအောင်အမြန်ပြန်လှည့်လာခဲ့သည်။ ဂျယ်ယူကိုပဲမုန့်သွားချခိုင်းပြီးသူကတော့ဆိုင်ရဲ့ staff room ထဲမှာဝင်ပုန်းနေမိတယ်။

*သူငါ့ကိုတွေ့သွားလောက်လား...
ငါဘယ်လိုလုပ်ရမလဲ သူသာသိသွားခဲ့ရင်ဘယ်လိုပြန်ပြောရမှာလဲ...*

ထယ်ယောင်းတစ်ယောက်အတွေးများနဲ့ယောက်ယက်ခက်နေသည်။

"ဟူးး~~ စိတ်လျှော့ ကင်မ်ထယ်ယောင်း မသိသလိုလုပ်ပြီး သွားရင်ဆိုင်ကြည့်ရအောင်... မင်းလုပ်နိုင်ပါတယ် ဟူးး~"

ကိုယ့်ကိုယ်ကိုအားပေးပြီးနောက်သူဂျောင်ကုကိုမျက်နှာချင်းဆိုင်ရန် အချိန်ပိုင်းအလုပ်မှ ဦးထုပ်နှင့်မျက်မှန်ကိုရော အပေါ်ထပ်ဝန်ထမ်းအင်္ကျီကိုရောချွတ်ထားခဲ့ပြီးအပြင်သို့ထွက်လာခဲ့သည်။

သူဂျောင်ကုအနားကိုမသိမသာလေးသွားလိုက်​တော့ခုနကကောင်မလေးကသူ့လက်ကိုကိုင်ထားသည်။ ဂျောင်ကုကလည်းထိုကောင်မလေးရဲ့လက်ကိုပြန်လည်ထပ်ကိုင်ထားသည်။ သူနဲနဲတော့စိတ်ထဲလေးသွားရပေမယ့် အခုမှတွေ့သလိုဟန်ဆောင်လိုက်သည်။

"ဟင်... Jeon Jung Kook မင်းမပြန်သေးပဲဒီမှာဘာလုပ်နေတာလဲ"

ဂျောင်ကုကထယ်ယောင်းအသံကြားတော့တစ်ချက်တုန်သွားပြီးထိုကောင်မလေးလက်ကိုလွှတ်လိုက်သည်။

"အာ Hyung အဲ့တာက ကျွန်တော်ပြန်ခါနီးကျမှ ကော်ဖီသောက်ချင်လို့ဆိုပြီးပြန်လာလိုက်တာ"

Th*ငါ့ကိုများတွေ့သွားလောက်လား
ပြီးတော့ Hyung?? တစ်ခါမှမခေါ်ဖူးဘူးပဲမင်းဇယားလေးအထင်လွဲသွားမှာဆိုးလို့လား*

"Hyung အင်္ကျီကလဲလိုက်တာလား ဘယ်ကိုများသွားလဲလိုက်တာလဲ အလာတုန်းကတခြားတစ်မျိုးပါ"

ဂျောင်ကုမသိချင်ယောင်ဆောင်ကာမေးလိုက်သည်။

"အင်း အဲ့တာကငါလူတစ်ယောက်နဲ့တွေ့စရာရှိလို့ပါ မင်းကရောတွေ့စရာလူရှိတဲ့ပုံပဲ ဒီလာတာက"

ထယ်ယောင်း​ပြောနေတာကိုဂျောင်ကုကောင်းကောင်းသဘောပေါက်သည်။

To Love You (Completed)Where stories live. Discover now