Part 14

1K 46 0
                                    

ဆိုင်ကယ်တစ်စီးထဲတူတူစီးနေတဲ့သူတို့နှစ်ယောက်။ လေပြေလေးတွေဟာလည်းတိုက်ခတ်နေလေရဲ့... ပတ်ဝန်းကျင်ဟာလည်းသာယာလှပနေသည်.... သို့သော် မသာယာသည်မှာကာယကံရှင်နှစ်ဦးပင်။
သူတို့ရင်ထဲမှာရထားတစ်စင်းသွားနေသလိုလို လိပ်ပြာတွေပျံနေသလိုကိုဖြစ်နေလေရဲ့။

ထယ်ယောင်းဂျောင်ကုကြောင့် အနေခက်ခဲ့ရတယ်လေ။ ဂျောင်ကုကဆိုင်ကယ်မစီးခင်ဆိုင်ကယ်ဦးထုပ်ကိုသူ့(Th)ကိုသေသေချာချာလေးသူကိုယ်တိုင်ဆောင်းပေးခဲ့တာကို။ ရင်ထဲမှာလည်းဘာလို့တစ်လပ်လပ်ဖြစ်နေမှန်းမသိ။ ကောင်မလေးဘယ်နှယောက်ကိုတောင်အဲ့လိုလုပ်ပေးခဲ့လဲမသိပါဘူး။ တကယ့်ကို play boy ပီသတယ်လို့ထယ်ယောင်းချီးကျူးနေမိသည်။

"ဟို ခင်ဗျား... ခင်ဗျားကျွန်တော့်ကိုဖက်ထား..."

"ဘာ!"

"တစ်မျိုးမတွေးပါနဲ့ ဆိုင်ကယ်အရှိန်ဒီလိုမျိုးနဲ့ဆိုရင် 15 မိနစ်လောက်သွားရမယ့်နေရာက မိနစ် 30 လောက်အချိန်ကုန်လိမ့်မယ်"

ထယ်ယောင်းလည်းဂျောင်ကုရဲ့ခါးကအင်္ကျီစကိုဆွဲထားလေရဲ့။ ဒါကိုဂျောင်ကုကသိပ်သဘောမကျချင်

"ခင်ဗျား အင်္ကျီကိုပဲဆွဲလိုက်မယ်ဆိုတာသေချာလား"

"ဟမ် ဘာကိုဆိုလိုတာလဲ"

"ကျွန်တော့်ဆိုင်ကယ်ပေါ်ဘယ်သူမှမလိုက်ဖူးဘူး ပြီးတော့ကျွန်တော်ကအမြဲတမ်းအမြန်စီးတာဆိုတော့ ခင်ဗျားအရှိန်လွန်ပြီးပြုတ်ကျတာတို့ဘာတို့ဖြစ်မှာဆိုးလို့"

*အော် အရေးထဲဘယ့်သူ့မှမတင်ဘူးတာထည့်ပြောနေသေးတယ်*

"ရလောက်မှာပါ ငါကက​လေးမှမဟုတ်တာ သေချာကိုင်ပြီးလိုက်တက်ပါတယ်"

"Ok လေ အာ့ဆိုလည်း သတိပေးထားတယ်နော် သေချာကိုင်ထား ပြုတ်ကျရင်ဆင်းမကောက်ဘူး"

"အင်း"

*ဂျွန်ဂျောင်ကုအကြောင်းပြရသေးတာပေါ့ကွာ....*

ထိုသို့စိတ်ထဲမှာတွေးရင်းလူယုတ်မာအပြုံးကြီးဖြင့်သူစီးနေကျလီဗာထိမြှင့်လိုက်သည်။

ဆိုင်ကယ်ဟာချက်ချင်းပဲအရှိန်အမြင့်ဆုံးလောက်ထိရောက်သွားတော့အသံကျယ်ကြီးထွက်သွားပြီးထယ်ယောင်းလည်းယောင်ရမ်းကာဂျောင်ကုခါးကိုဖက်လိုက်မိသည်။

To Love You (Completed)Where stories live. Discover now