Part 32

1.1K 48 0
                                    

ကျောင်းမှဆေးရုံသို့သွားတဲ့လမ်းတစ်လျှောက်လုံးတွင်ဂျောင်ကုမှာထယ်ယောင်းလက်ကိုလုံးဝမလွှတ်ဘဲဆုပ်ကိုင်ထားခဲ့သည်။ သူ့ရင်ထဲမှာလည်းမီးလောင်နေခဲ့သည်။

ဆေးရုံကိုရောက်သွားတော့ဆရာဝန်တွေကထယ်ယောင်းကိုအရေးပေါ်ကုသဆောင်သို့သယ်ဆောင်သွားသည်အထိသူ့မှာလက်ကိုမလွှတ်နိုင်ခဲ့။ ဘေးကဂျီမင်မနဲပြောဆိုဖြောင်း​ဖြ​မှသာလွှတ်ပေးလိုက်သည်။

ခဏအကြာတွင်ဂျောင်ကုမိဘတွေရော ထယ်ယောင်းအဖေပါရောက်လာခဲ့သည်။ သူတို့လည်းအရမ်းစိတ်ပူနေခဲ့ကြပေမယ့်ဂျောင်ကုကိုတော့မမှီခဲ့။

နှစ်နာရီလောက်ကြာပြီးနောက်မှာအရေးပေါ်ကုသဆောင်မှဆရာဝန်ကြီးကထွက်လာသည်။

"ဒေါက်တာ! ဒေါက်တာ ကျွန်တော့် ကျွန်တော့်အမျိုးသားအခြေအနေဘယ်လိုရှိလဲဟင်"

ဂျောင်ကုမှာအလွန်မတန်မှစိတ်ပူနေဟန် သူ့တစ်ကိုယ်လုံးချွေးတွေနဲ့ပင်။ ထယ်ယောင်းလက်ကိုလွှတ်ပေးလိုက်ရပြီးကတည်းကသူ့မှာမထိုင်ရသေး။

"အခုတော့အန္တရာယ်မရှိတော့ပါဘူး လူနာကိုအချိန်မှီဆေးရုံကိုခေါ်လာနိုင်တာတော်သေးတယ်ပြောရမယ် မဟုတ်ရင်အခြေအနေပိုဆိုးသွားနိုင်တယ် သူ့ရဲ့နှလုံးခုန်နှုန်းကတော်တော်လေးနှေးနေခဲ့တာလေ ဓာတ်ကတော်တော်ပြင်းပုံပဲ အခုတော့ oxygen ပိုက်တပ်ထားရဦးမယ် ငါးရက်လောက်ကြာပြီးအကောင်းပကတိပြန်ဖြစ်တဲ့အထိဆေးရုံတက်စေချင်ပါတယ် အခုတော့လူနာကနှစ်ရက်လောက်တော့သတိမေ့နေဦးမယ်ထင်တယ်"

"ကျေးဇူးပါ ဒေါက်တာ သူဘေးကင်းနေရင်ကိုအဆင်ပြေပါပြီဗျာ"

"လူနာကိုခဏနေရင်တွေ့လို့ရပါပြီ ခဏနေရင်အရေးပေါ်ဆောင်ထဲကနေထုတ်လာပေးပါလိမ့်မယ် ကျွန်တော့်ကိုအခုတော့ခွင့်ပြုပါဦး"

Mrs Jeon-ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာ

ခဏအကြာထယ်ယောင်းကို VIP ခန်းသို့ပြောင်းပေးလိုက်ကြသည်မို့ဂျောင်ကုခဗျာအရမ်းတွေ့ချင်နေတဲ့သူ့ကိုတွေ့လိုက်ရတော့သည်။

Mr Jeon တို့လင်မယားအပါအဝင် Mr Kim မှာလည်းအရမ်းကိုဝမ်းနည်းနေသလိုစိတ်ပူနေလေသည်။

To Love You (Completed)Where stories live. Discover now